ရန်ကုန် မေ ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် အိန္ဒိယသမ္မတနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့်ရောက်ရှိသွားသည့် မြန်မာရေလုပ်သားများအား ပြန်လည်ခေါ်ယူ၍ မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးကို စီစဉ်ကြိုးစားဆောင်ရွက်ပေး လျက်ရှိသည်။
အိန္ဒိယနိုင်ငံရောက် မြန်မာရေလုပ်သားအများစုမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ရေပိုင်နက်အနီးတွင် ပင်လယ်မျှော့များ၊ ငါးများဖမ်းကြရာမှ လေမုန်တိုင်းမိခြင်း၊ ရေယာဉ်များ စက်ချွတ်ယွင်း၍ နစ်မြုပ်ခြင်း၊ ရေပိုင်နက် မှားယွင်းဝင်ရောက်မိခြင်း စသည်တို့ကြောင့် အိန္ဒိယရေတပ်၏ ထိန်းသိမ်းခြင်းခံကြရသူများ ဖြစ်သည်။
အဆိုပါ မြန်မာရေလုပ်သားများကို အိန္ဒိယနိုင်ငံဥပဒေအရ Andman and Nicobar Inlands ရှိ ပို့ဘလဲယား အကျဉ်းထောင်တွင် အရေးယူခြင်းခံခဲ့ ရပြီး လွတ်မြောက်လာသည့်အခါ ပြန်လည်ထူထောင်ရေးစခန်း Open Distress Camps တွင် နေထိုင်စေကာ မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်ပြီး သူများအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် နှစ်နိုင်ငံညှိနှိုင်းမှုအရ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ပြန်လည်ခေါ်ယူရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မြန်မာရေလုပ်သားများကို ပြန်လည် ခေါ်ယူနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ လမ်းòန်မှုဖြင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများသည် ပို့ဘလဲယားမြို့သို့ အကြိမ်ကြိမ် သွား ရောက်၍ အိန္ဒိယအစိုးရနှင့် ညှိနှိုင်းခဲ့ ရသည့်အပြင် မြန်မာရေလုပ်သားများ ၏ ကျန်းမာရေးကိစ္စရပ်များကိုလည်း ကူညီစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ကြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန ဒုတိယòန်ကြားရေးမှူး ချုပ် ဦးဝင်းထွဋ်ဦး ဦးဆောင်သည့် အဖွဲ့သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တွင် အိန္ဒိယသမ္မတနိုင်ငံ ဥပဒေအရ ပြစ်ဒဏ်ကျခံပြီးOpen Distress Camps ၌ ထိန်းသိမ်းထားသည့် မြန်မာ ရေလုပ်သား ၂၄၉ ဦးကို ပြန်လည်ခေါ်ယူ နိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း စင်းလုံးငှားလေယာဉ် ဖြင့် အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့သို့ သွား ရောက်ခဲ့သည်။
ထို့နောက် ပထမသုတ်ပြန်လည် ခေါ်ယူမည့် မြန်မာရေလုပ်သား ၁၂၉ ဦး ၏ စာရင်းဇယားများကို အိန္ဒိယနိုင်ငံ ဆိုင်ရာ နယူးဒေလီမြန်မာသံရုံးမှ သံမှူး ကြီး ဦးဇော်နိုင်ဝင်း၊ ကာလကတ္တားမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ် ဝန်ချုပ် ဦးသန်းထွေးတို့က ပို့ဘလဲယား လေဆိပ်ဧည့်ခန်းမ၌ လွှဲပြောင်းပေးအပ် ကြရာ အဖွဲ့ခေါင်းဆောင် ဦးဝင်းထွဋ်ဦး နှင့် တာဝန်ရှိသူများက စိစစ်လက်ခံ ကြသည်။
ယင်းနောက် ဒုတိယòန်ကြား ရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာရေလုပ်သားများသည် ပို့ဘလဲယား လေဆိပ်မှထွက်ခွာခဲ့ရာ ညနေ ၅ နာရီခွဲ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိကြ သည်။
မြန်မာနိုင်ငံ ရေလုပ်သားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသ ကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တာဝန် ရှိသူများက လေဆိပ်၌ ကြိုဆိုအားပေး စကားပြောကြားကာ ထောက်ပံ့ငွေ၊ အဝတ်အထည်များပေးအပ်ပြီး ရွှေ့ပြောင်း သွားလာရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းက ခရီးစရိတ်အဖြစ် ငွေကျပ် နှစ်သောင်းခွဲ ထောက်ပံ့ပေးအပ်ကြသည်။
အဆိုပါ ပြန်လည်ရောက်ရှိလာ သည့် ရေလုပ်သားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့တို့၏ အစီအစဉ် ဖြင့် သက်ဆိုင်ရာ နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ပေးကြသည်။
ပြန်လည်ခေါ်ယူမည့် ရေလုပ်သား ၂၄၉ ဦးမှာ ပြစ်ဒဏ်ကျခံပြီးသူများ ဖြစ်ပြီး မြန်မာနိုင်ငံသား စိစစ်ပြီးသူများ ဖြစ်ကာ ပထမသုတ်တွင် ၁၂၉ ဦးကို ခေါ်ယူခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရေလုပ်သား ၁၂ဝ ကို ဇွန် ၂ ရက်တွင် အပြည်ပြည် ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းမှ စင်းလုံးငှားလေယာဉ်ဖြင့် ဒုတိယအသုတ် ဆက်လက်ခေါ်ယူမည် ဖြစ်ကြောင်း၊ လေယာဉ်နှစ်ခေါက် ငှားရမ်းခ အမေရိကန် ဒေါ်လာ ၆၈ဝဝဝ ကို အမျိုး သား သဘာဝဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျခံပေးခဲ့သည်။
မြန်မာရေလုပ်သား ၁၂၉ ဦးတွင် ဧရာဝတီတိုင်းဒေသကြီးမှ ၁ဝ၄ ဦး၊ ရခိုင် ပြည်နယ်မှ ၂၃ ဦးနှင့် ရန်ကုန်တိုင်းဒေသ ကြီးမှ နှစ်ဦးတို့ပါဝင်ကြောင်း သိရှိရသည်။
သတင်း၊ ဓာတ်ပုံ-ဇော်မင်းလတ်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြန်မာရေလုပ်သား ၁၂၉ ဦး အိန္ဒိယနိုင်ငံမှ မြန်မာပြည်သို့ ပထမအသုတ် ပြန်လည်ရောက်ရှိ
Reviewed by THITHTOOLWIN
on
08:55
Rating: