TNLA နဲ့ RCSS/SSA ဆွေးနွေးဖို့ နေရာအခက်အခဲဖြစ်နေ

ဓါတ်ပုံ (ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်)
ရှမ်းပြည်မြောက်ပိုင်းဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေကြတဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးTNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တို့ နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးဖို့ နေရာသတ်မှတ်ရာမှာ အခက်အခဲတွေဖြစ်နေတယ်လို့ ကြားဝင်ညှိနှိုင်းပေးတဲ့ SSPP အဖွဲ့က ပြောပါတယ်။

TNLA က တရုတ်နယ်စပ်၊ RCSS / SSA က ထိုင်းနယ်စပ်တို့မှာ တွေ့ဆုံလိုနေကြတာဖြစ်ပြီး လတ်တလော တွေ့ဆုံဖို့ကတော့ အခက်အခဲဖြစ်နေတယ်လို့ SSPP က ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

"ရွှေလီမှာတွေ့ဆုံဖို့ကလည်း RCSS ဘက်ကလက်မခံဘူး၊ ထိုင်းမှာတွေ့ဖို့ကလည်း TNLA ဘက်ကလည်း လက်မခံဘူး၊ မတွေ့ဆုံဖြစ်တာကလည်း နေရာကြောင့်လည်းဖြစ်တယ်၊ ပြီးတော့ တွေ့ဆုံညှိနှိုင်းမယ်ဆိုရင်လည်း TNLA က ဖြစ်စေချင်တာကတော့ RCSS က တောင်ပိုင်းဘက်ပေါ့ သူတို့မူရင်းနေရာကို တပ်တွေရုပ်သွားဖို့ သူတို့ကဆန္ဒရှိတယ်ပေါ့နော်"

ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်း၊ ကျောက်မဲ၊ ဟိုပန် စတဲ့မြို့နယ်တွေက ကျေးရွာတွေမှာ TNLA နဲ့ RCSS/SSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း ထွက်ပြေးနေကြရပါတယ်။

TNLA ဘက်ကတော့ RCSS/SSA အနေနဲ့ မူလတပ်စွဲထားတဲ့ ရှမ်းပြည်တောင်ပိုင်းဘက်မှာပဲ ပြန်လည်အခြေ ချစေချင်တယ်လို့ SSPP က ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း RCSS/SSA အဖွဲ့နဲ့ TNLA တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအချင်းချင်း တိုက်ပွဲတွေဖြစ်ပွား လာရတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
TNLA နဲ့ RCSS/SSA ဆွေးနွေးဖို့ နေရာအခက်အခဲဖြစ်နေ TNLA နဲ့ RCSS/SSA ဆွေးနွေးဖို့ နေရာအခက်အခဲဖြစ်နေ Reviewed by THITHTOOLWIN on 17:07 Rating: 5
Powered by Blogger.