ဖားကန့်မြို့ နယ် ရှမ်းနီပါတီ(TNDP) မြို့ နယ်ရုံး ခြံစည်းရိုး မိုင်းဖောက်ခွဲခံရမှုဖြစ်ပွား

Photo - ဖားကန့်မြို့ နယ် ရှမ်းနီပါတီဆိုင်းဘုတ်တင်ပွဲကျင်းပနေစဉ် - 2014 ခုနှစ်
မေ ၁၃

မေလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၅ မိနစ်ခန့်တွင် ဖားကန့်မြို့ နယ် ဆိပ်မူကျေးရွာတွင် ရှိသည့် ရှမ်းနီပါတီ ( TNDP ) မြို့ နယ် ရုံး၏ ခြံစည်းရိုးတွင် မိုင်းဖေါက်ခွဲခံခဲ့ရကြောင်း၊ အဆိုပါ ပါတီ ဆိုင်းဘုတ်တင်ထားသည့် အိမ်ပိုင်ရှင် ကိုဝင်းဇော်က ရှမ်းနီအသံသို့ပြောကြားသည် ။
" ဒီမနက် ၄ နာရီ ၅ မိနစ်မိုးရွာတယ် အဲံတာပြီးတာနဲ့ ငါတို့ ပါတီဆိုင်းဘုတ်ကြားနဲ့ ကားဝပ်ရှော့ကြားကို မိုင်းလာခွဲသွားတယ် ။ ဆိုင်းဘုတ်ကတော့ မပျက်သွားဘူး ၊ ဒါပေမယ့် ခြံစည်းရိုးတွေကတော့ တစ်ခန်းလောက်
ပျက်သွားတယ် ။ ခုနက စရဖတွေလာသွားတော့ လျှပ်စစ်မိုင်းလို့ပြောတယ် လျှပ်စစ်နဲ့လျော့တိုက်သွားတဲ့ပုံစံမျိုးလို့ပြောတယ် ။ ပျက်ဆီးမှုကတော့ကွာ ကွန်ကရစ်တိုင်ခြံစည်းရိုးနဲ့ ၈ ပေ ၁၀ ပေ သွပ်ပြားတွေပျက်ဆီး
သွားတယ် ။ ဟိုဘက်ခြံကတော့ ကားဝပ်ရှော့လုပ်တဲ့အခါကျတော့ ကားနှစ်စီး မှန်တွေကွဲသွားတယ် ။ အခုဟာက ကိုယ့်ဘက်ကနေ တွေးစရာတွေအများကြီးဖြစ်နေတယ် " ဟု ၄င်းကပြောကြားသည် ။

အဆိုပါ မိုင်းခွဲမှုကြောင့် ခြံစည်းရိုးပျက်ဆီးသွားသည့်အပြင် မိုင်းစများကြောင့် လမ်းတစ်ဖက်ခြမ်းတွေရှိသည့် ကားဝပ်ရှော့မှ ရပ်ထားသည့် ကားများကို ထိမှန်ခဲ့ကြောင်း ၊ တစ်ဖက် ကားဝပ်ရှော့မှ ရပ်ထားသည့် ကားများသည် မိုင်းပေါက်ကွဲသည့်နေရာနှင့် အလွန်နီးကပ်နေသောကြောင့် တံခါးများနှင့် မှန်များ ကွဲကြေသွားကြောင်း သိရသည် ။
" ကျွန်တော်တို့မြို့ နယ်EC တွေကို အစည်းအဝေးခေါ်ပြီးတော့မှ ဘာလုပ်သင့်လဲဆိုတာကိုကျွန်တော်တို့ဆုံးဖြတ်မယ်လေ ။ ကျွန်တော်တို့တွေ ဒီလိုဘာကြောင့်ဖြစ်လဲဆိုတာကို အကျိုးအကြောင်းတွေ စဉ်းစားရမှာပေါ့လေ။ ဘာလိုဘဲဖြစ်ဖြစ် ကျွန်တော်တို့ ပါတီရုံးထဲရောက်နေပြီဆိုတော့ တစ်ခုခုလုပ်ရမှာပေါ့ " ဟု ကိုဝင်းဇော်ကပြောကြားသည် ။

ဆိပ်မူကျေးရွာတွင် မေလ ၁၂ ရက်နေ့ ညပိုင်းအချိန်က စစ်တပ်ကုန်းတွင် သေနတ် ၁၅ ချက် ပစ်ဖောက်မှုများဖြစ်ပွားခဲ့ပြီး ၊ လွန်ခဲ့သည့် ရက်ပိုင်းက အမည်မသိ လူတစ်စုက " သတိ မိုင်းရှိသည် " ဟူသည့် ဆိုင်းဘုတ်များကို လမ်းဆုံနေရာများတွင် လိုက်လံကပ်ခဲ့ကြောင်း သိရသည် ။

The Voice of Shan-Ni

ဖားကန့်မြို့ နယ် ရှမ်းနီပါတီ(TNDP) မြို့ နယ်ရုံး ခြံစည်းရိုး မိုင်းဖောက်ခွဲခံရမှုဖြစ်ပွား  ဖားကန့်မြို့ နယ် ရှမ်းနီပါတီ(TNDP) မြို့ နယ်ရုံး ခြံစည်းရိုး မိုင်းဖောက်ခွဲခံရမှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:11 Rating: 5
Powered by Blogger.