မေ ၁၄ ရက် ၂၀၁၆
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA ခြေကုပ်ထား သည့် တပ်စခန်းများအား အစိုးရ တပ်မတော် မှ လေကြောင်းဖြင့် ယနေ့ အပြင်းအထန်တိုက်ခိုက် သောကြောင့် ဒေသခံ ၅၀၀ ကျော် နေရပ်မှ တိမ်းရှောင်နေရသည်ဟု သတင်းရရှိသည်။
ကျောက်မဲမြို့ အနောက်တောင်ဘက် ပုံဝိုး - ဟိုင်းကွီကျေးရွာအုပ်စု ဘက် ပန်လော့၊ နမ့်ဝိုင်၊ အက်ကြီး၊ ဟိုမိန်း နှင့် နောင်ကန် ကျေးရွာ အနီးရှိေ တာင် တန်း တောင်ကုန်းများပေါ် ၌ ယာယီနေထိုင်သည့် တပ်စခန်း များအား တိုက်ပွဲဝင် အမ်အိုင် ၃၅ အမျိုးအစား တိုက်လေယာဉ်ဖြင့် မေ ၁၃ ရက် နေ့က အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်သည်ဟု သျှမ်းပြည်တပ်မတော် တပ်မှူး က ပြောသည်။
“ကျနော်တို့နဲ့ ဒီ ဟိုင်းကွေ မြောက်ဘက်ပိုင်းဒေသ မှာ ၃ ရက်နေ့၊ ၆ ရက်နေ့၊ ၁၂ ရက်နေ့ တုန်းက ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ ဒီနေ့တော့ ကျနော်တို့ လူတွေကို လားရှိုးဘက်က လာတဲ့ ရဟတ်ယာဉ် နှစ်စီးနဲ့ လာတိုက်တယ်။ မွန်းလွဲပိုင်းကနေ ညမိုးချုပ်လောက်အထိ တိုက်နေတုန်း” - ဟု SSPP/SSA ဌာနချုပ် ပြန်ကြားရေး အရှိ တဦးက ပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရ တပ်မတော် အကြားဖြစ်ပွားေ သာ တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ကျော်သည် နောင်ပိန်ဘက်သော် လည်းေ ကာင်း၊ ကျောက်မဲမြို့သို့သော်လည်းကောင်း မိမိကျေးရွာနှင့် နီးစပ်သည့်ဘက် သို့ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု အသက် ၄၀ နောင်ပိန်အုပ်စုသား စိုင်းအိုက်လောင်း က ပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ဝမ့်ဟိုင်းဌာနချုပ် အရှေ့မြောက်ဘက်၊ သံလွင်မြစ်အနောက်ခြမ်း တွင် တင်းမာနေသည့် စစ်ရေးကိစ္စများ မှာမူ နှစ် ဘက်တပ် ညှိနှိုင်းမှု ပြေလည်သွားသော ကြောင့် တိုက်ပွဲ ဖြစ်ပွားမည့် အလားအလာ မရှိတော့ ကြောင်း အဆိုပါ ဌာနချုပ် ပြန်ကြားရေး တာဝန်ရှိ အရှိတဦး က ဤကဲ့သို့ပြောသည်။
“တန့်ယန်းအခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး နေလင်းအောင် နဲ့ ဒေသ အတွင်း တပ်ရင်းမှူး သုံးဦး နဲ့ ကျနော်တို့ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းဆု တို့ နဲ့ မနေ့က အတူ ကွင်းဆင်းတယ်။ လုံခြုံရေးကတော့ ကျနော်တို့ဘဲ ယူပေးတယ်။ အဲဒီ့ဘက်ကတော့ ဆိတ်ငြိမ်သွားပြီ။ တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်နေတဲ့ စစ်ဘေးရှောင် ဒေသခံ တွေလဲ နေရပ်ပြန်ခိုင်းလိုက်ပြီ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
တန့်ယန်းမြို့နယ် တောင်ဘက် လွယ်စေး၊ လွယ်လန်းတောင်ကြောရှိ သျှမ်ြး ပည် တပ်မတော် SSPP/SSA တပ်စခန်းများအား ဧပြီ ၂၂ ရက်နေ့က တကြိမ်၊ ၂၇ ရက်နေ့တကြိမ်၊ မေ ၆ ရက်နေ့က တကြိမ် ၁၂ ရက်နေ့က တကြိမ်အစိုးရတပ်က ပစ်ခတ်သဖြင့် နှစ်ဘက်ရင်ဆိုင် တိုက်ပွဲများ ဖြစ် ပွားခဲ့သည်။
သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
SSPP/SSA ခြေကုပ်တပ်စခန်းများအား အစိုးရတပ်မတော် အပြင်းအထန်တိုက်ခိုက် - ဒေသခံ ၅၀၀ ကျော် စစ်ဘေးရှောင်
Reviewed by THITHTOOLWIN
on
09:54
Rating: