IS ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ ဆီးရီးယား စစ်သား (Credit: AFP) |
အီရတ်စစ်တပ်ရဲ့ ဒုတိယအဆင့် စစ်ဗျူဟာ အရ လုပ်ဆောင်တာ ဖြစ်ပြီး နိုင်ငံတကာ တပ်တွေက ဝေဟင်ကနေ အကူအညီပေးတာကို အကာအကွယ်ယူပြီး မြေပြင်စစ်သားတွေက Fallujah မြို့ထဲကို ဝင်ရောက်တာလို့ ဆိုပါတယ်။
အီရတ် စံတော်ချိန် မနက် ၄ နာရီလောက်မှာ အကြမ်းဖက် တိုက်ဖျက်ရေးတပ်၊ အီရတ်စစ်တပ်နဲ့ ရဲတွေ စုပေါင်းပြီး Fallujah မြို့ထဲကို ဝင်ရောက်တာလို့ ဆိုပါတယ်။
အရင်တပတ်တုန်းကတော့ Fallujah မြို့ပြင်နဲ့ အနီးတဝိုက်က ကျေးရွာတွေကို သိမ်းပိုက်နိုင်ဖို့ကိုသာ ဦးစားပေးတာ ဖြစ်ပြီး ဒီတချီမှာ မြို့ထဲကို ဝင်ရောက်တာ ဖြစ်ပါတယ်။
Fallujah မြို့ကို ထိုးစစ်ဆင်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ မြို့ကနေ ထွက်ခွာကြဖို့ အီရတ် အစိုးရက ကြိုတင် သတိပေးထားပေမယ့်လည်း IS အဖွဲ့က မြို့ပြင် ထွက်ခွင့်မပေးဘူး ဆိုတဲ့ ပြောဆိုမှုတွေကြောင့် အခုလောလောဆယ် ပြည်သူ အယောက် ၅၀၀၀၀ လောက် မြို့ထဲမှာ ပိတ်မိနေဆဲ ဖြစ်ပါတယ်။
အဲဒီ ပြည်သူတွေကို IS က လူသားဒိုင်းအဖြစ် အကာအကွယ်ယူမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
IS အဖွဲ့ဟာ အီရတ်နိုင်ငံက မြို့ကြီး ၂ မြို့ဖြစ်တဲ့ Fallujah နဲ့ Mosul ကို သိမ်းပိုက်ထားတာ ဖြစ်ပြီး Fallujah ကို ပြန်လည် သိမ်းယူပြီးရင် Mosul ကို ပြန်လည် ရယူဖို့ တိုက်ခိုက်သွားမယ်လို့ အီရတ်အစိုးရက စီစဉ်နေတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
Fallujahမြို့ထဲကို အီရတ်တပ်တွေ ဝင်ရောက်နိုင်ပြီ
Reviewed by THITHTOOLWIN
on
16:00
Rating: