EgyptAir ခရီးသည်တင်လေယာဉ် မပျက်ကျမီ မီးခိုင်းများထွက်ပေါ်ခဲ့



ကိုင်ရို ၊ ၂၂-၅-၂၀၁၆

ခရီးသည်နှင့် လေယာဉ် အမှုထမ်း ၆၆ ဦး တင်ဆောင်လာပြီး မြေထဲပင်လယ် အတွင်းသို့ ပျက်ကျခဲ့သော EgyptAir လေကြောင်းလိုင်းမှ လေယာဉ်အမှတ် ၈ဝ၄ သည် မပျက်ကျမီ မီးခိုးများ ထွက်ပေါ်ခဲ့ သည်ဟု အချက်ပြ ခဲ့ကြောင်း ပြင်သစ်နိုင်ငံမှ လေကြောင်း ပျံသန်းရေး ဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းမှု စုံစမ်း စစ်ဆေးရေး အဖွဲ့(BEA) က မေ ၂၁ ရက်တွင် ထုတ်ဖော် ပြောကြားသည်။

သို့သော် လေယာဉ်ပေါ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း သို့မဟုတ် မီးခိုး ထွက်ရသည့် အကြောင်းအရင်း ကိုမူ ဖော်ပြထားခြင်း မရှိကြောင်း BEA ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦး က ပြောကြားသည်။

ထို့ပြင် အလက်ဇန္ဒရီးယား ပင်လယ်ဆိပ်ကမ်း မှ မြောက်ဘက် မိုင် ၁၈ဝ အကွာရှိ မြေထဲပင်လယ် အတွင်း၌ လေယာဉ် အပျက်အစီးများ၊ ရုပ်အလောင်း များနှင့် အသုံးအဆောင် ပစ္စည်းများကို အီဂျစ်ရေတပ်က ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ယင်းနိုင်ငံ အစိုးရက ထုတ်ပြန် ပြောကြား ထားသည်။

EgyptAir လေကြောင်းလိုင်းမှ အဆိုပါ လေယာဉ်သည် ခရီးသည် ၅၆ ဦးနှင့် လေယာဉ် အမှုထမ်း ၁ဝ ဦးကို တင်ဆောင်ကာ မေ ၁၈ ရက် ညပိုင်းက ပဲရစ်မြို့မှ ကိုင်ရိုမြို့သို့ ဦးတည်ပျံသန်း ခဲ့ခြင်းဖြစ်ပြီး သုံးနာရီခွဲ အကြာ ပျံသန်းပြီး နောက် မေ ၁၉ ရက် နံနက်ပိုင်း တွင် မြေထဲပင်လယ် ပေါ်အရောက် ၌ ရေဒါမှ အဆက်အသွယ် ပြတ်တောက် သွားခြင်း ဖြစ်ကြောင်း သိရသည်။

Smoke detected in EgyptAir plane prior to crash, investigators say

PyiChitThar
http://www.pyichitthar.com
EgyptAir ခရီးသည်တင်လေယာဉ် မပျက်ကျမီ မီးခိုင်းများထွက်ပေါ်ခဲ့  EgyptAir ခရီးသည်တင်လေယာဉ် မပျက်ကျမီ မီးခိုင်းများထွက်ပေါ်ခဲ့ Reviewed by THITHTOOLWIN on 14:34 Rating: 5
Powered by Blogger.