ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ကလည်း ရန်ကုန်မြို့မှာ ဆန္ဒပြတောင်ဆိုခဲ့ပေမဲ့ အစိုးရက ဖြေရှင်းပေးတာ မရှိတဲ့အတွက် မန္တလေးမြို့မှာ ဆက်လက်ဆန္ဒထုတ်ဖော်တာဖြစ်တယ်လို့ ဝံသာနုရက္ခိတ စနေလူငယ်အသင်းက ဦးပြည့်ဖြိုးအောင် က ပြောပါတယ်။
ဆန္ဒထုတ်ဖော်သူတွေဟာ ၁၉ လမ်း နန်းရှေ့အားကစားကွင်းကနေ ၆၂ လမ်းအတိုင်း လမ်းလျှောက ဆန္ဒပြခဲ့ကြပါတယ်။ ဝံသာနုရက္ခိတ စနေလူငယ်အသင်းဝင်တွေအပြင် သံဃာ ၅၀ ကျော်နဲ့ လူပုဂ္ဂိုလ် ၅၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။
သူတို့တွေက ဘင်ဂါလီတွေ ကို ရိုဟင်ဂျာ လို့ မသုံးစွဲကြဖို့နဲ့ အမေရိကန်သံရုံးအနေနဲ့ ရိုဟင်ဂျာ ဆိုပြီး သုံးစွဲနေတာကိုလည်း ပယ်ဖျက်ပေးပို့ တောင်းဆိုခဲ့ကြပါတယ်။
ရိုဟင်ဂျာကို တိုင်းရင်းသားမျိုးနွယ်စုထဲမှာ မပါဝင်ကြောင်း နိုင်ငံတော်အစိုးရအနေနဲ့ တရားဝင် မထုတ်ပြန်မချင်း ဆန္ဒထုတ်ဖော်ပွဲတွေ ဆက်တိုက်ပြုလုပ်သွားမယ်လို့ ပြောပါတယ်။
RFA Burmese
https://www.facebook.com/RFA-Burmese
ရိုဟင်ဂျာကိစ္စ အစိုးရက ဖြေရှင်းပေးဖို့ မန္တလေးမှာဆန္ဒပြ
Reviewed by THITHTOOLWIN
on
17:10
Rating: