နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် လျှပ်စစ်မီး ပြတ်တောက်မှု မကြာခဏဖြစ်ပေါ်နေခြင်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနအနဖြင့် သတိချပ်သင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောသည်။
'' ဂျာနယ်တွေမှာပါတဲ့ ကာတွန်းတွေမှာ ဖော်ပြနေတာ တွေတွေ့နေရပါတယ် အဲ့ဒီမှာ ဘာရေးထားလဲဆိုတော့ အရင်က မီးခဏခဏ ပြတ်တယ် အခု မီးခဏခဏ မလာဘူး လို့ရေးထားတယ် ဒါတွေကို လျှပ်စစ်နှင့်စွမ်း အင် ဝန်ကြီးဌာနက သတိချပ်သင့်ပါတယ်'' ဟု ၄င်းက ဆိုသည်။
ယခုကဲ့သို့ လျှပ်စစ်မီး ပြတ်တောက်နေမှုအား သေချာစိစစ်ဆောင်ရွက်ရန် လွှတ်တော်က သတိပေးကြောင်းလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ပြောသည်။
ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies
လျှပ်စစ်မီး မကြာခဏပြတ်တောက်နေမှုအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအား လွှတ်တော်မှ သတိပေး
Reviewed by THITHTOOLWIN
on
11:13
Rating:
