သင်္ကန်းဝတ်ထားသူတစ်ဦးက သောက်စားမူးယစ်ပြီး ပြည်သူကို ဆဲရေးတိုင်းထွားနေသဖြင့် မြို့နယ်သံဃာ့နာယက အဖွဲ့က လူဝတ်လဲကာ ရဲလက်အပ်
မုံရွာ၊ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာနယ်မြေရဲစခန်းသို့ မေ ၃၁ ရက်မနက် ၁ နာရီအချိန်ခန့်က မုံရွာမြို့နယ် သံဃာ့နာကယ ဥက္ကဌ ဆရာတော်နှင့်အဖွဲ့သည် ရောက်ရှိလာကာ သောက်စားမူးယစ်ပြီး ပြည်သူကို ဆဲရေးတိုင်းထွာနေသည့် သင်္ကန်းဝတ်တစ်ဦးအား လူဝတ်လဲပြီးနောက် ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ရဲစခန်းသို့ အပ်နှံခဲ့သည်။
အဆိုပါ ဖြစ်စဉ်မှာ မုံရွာမြို့နယ် ကျောက္ကာတောင်ရွာ အနီးဝန်းကျင်၌ ဖြစ်ပွားခဲ့သည်ဟု မြို့နယ်သံဃာ့ နာကယအဖွဲ့၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ထို့အပြင် မုးယစ်သောက်စားပြီး ကျောက္ကာကျေးရွာနေ ဒေသခံပြည်သူများကို မဖွယ်မရာ ဆဲရေးတိုင်းထွားနေသည့် သင်္ကန်းဝတ်တစ်ဦးမှာ ဦးခေမာနန္ဒ အသက်(၄၃)နှစ်၊ ၀ါတော်(၉)၀ါဖြစ်ကြောင်း ၎င်း မှတ်တမ်းများက ဆက်လက်၍ ဖော်ပြထားသည်။
ထို့ကြောင့် မြို့နယ်သံဃာ့ နာယက ဆရာတော်များ၏ လွဲအပ်တိုင်တန်းချက်များအရ အဆိုပါ ပုဂ္ဂိုလ်အား သာသနာအကြည်ညိုပျက်စေမှုဖြင့် မုံရွာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
သင်္ကန်းဝတ်ထားသူတစ်ဦးက သောက်စားမူးယစ်ပြီး ပြည်သူကို ဆဲရေးတိုင်းထွားနေသဖြင့် မြို့နယ်သံဃာ့နာယက အဖွဲ့က လူဝတ်လဲကာ ရဲလက်အပ်
Reviewed by THITHTOOLWIN
on
04:10
Rating: