မင်းပြားမြို့နယ် ငတက်ကျေးရွာတွင် စိတ်မနှံ့သူတစ်ဦးက အရက်မသောက်ရန် တားမြစ်သော ဖခင်အား ဓားရှည်ဖြင့် ခုတ်သတ်မှုဖြစ်ပွား
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် မေလ ၁ ရက်နေ့က ဖခင်နှင့် အစ်ကိုရင်းဖြစ်သူတို့အား ဓားရှည်ဖြင့် လိုက်လံခုတ်သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးခဲ့ရကြောင်း မင်းပြားမြို့မ ရဲစခန်းမှ သိရှိရသည်။
ရခိုင်ပြည်နယ်၊ မင်ပြားမြို့နယ် ငတက်ကျေးရွာတွင် စိတ်မနှံ့သူတစ်ဦးမှာ အရက်မသောက်ရန် တားမြစ်သော ဖခင်အား ဓားရှည်ဖြင့် ခုတ်သတ်ခဲ့ပြီး ဟန့်တားသူ အစ်ကိုရင်းအား ဆက်လက် တိုက်ခိုက်ကာ ရွာတွင် ရမ်းကားနေသဖြင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ကာ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
“တရားခံက အသာတကြည် အဖမ်းမခံပါဘူး။ ကျွန်တော်တို့က ရဲအင်အား ၁၁ ယောက်နဲ့ သူ့ အိမ်ကိုဝိုင်းထားတယ်။ သူ့က အိမ်ထဲကနေ ဓားဒာရှည် နှစ်လက်ကိုင်ပြီး ခုခံတယ်။ လက်နက်ချပြီ အဖမ်းခံဖို့ စည်းရုံးခဲ့ပေမယ့် မရခဲ့ပါဘူး။ နောက်အိမ်ခြံထဲက ထွက်လာပြီး ၀ိုင်းထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့အတွက် ပေါင်ကို သေနတ်နဲ့ ပစ်ခတ်ပြီး ၀ိုင်းဝန်း ဖမ်းဆီးလိုက်ရတယ်” ဟု မင်းပြားမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ရဲအုပ်ညီညီက ပြောသည်။
ဓားခုတ်ခံရမှုကြောင့် ဖခင်ဖြစ်သူ ဦးခိုင်ထွန်းဦး(၇၇)နှစ်မှာ ခန္ဓာကိုယ်အပိုင်းပိုင်းပြတ်ကာ သေဆုံးခဲ့ပြီး အစ်ကိုဖြစ်သူ ကိုထွန်းသိန်းအေးအား မင်းပြားဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
အစ်ကိုဖြစ်သူ ထွန်းသိန်းအေးက တရားလိုပြုလုပ်ကာ အရေးယူပေးပါရန် တိုင်ကြားခဲ့သဖြင့် (ပ)၇၀/၂၀၁၆၊ ပြစ်မူပုဒ်မ ၃၀၂/၃၂၆ အရ ရေးဖွင့်ကာ စစ်ဆေးလျက်ရှိနေကြောင်း မင်းပြားမြို့မရဲစခန်းမှ သိရသည်။
MMK
The Ladies News
https://www.facebook.com/News.TheLadies
မင်းပြားမြို့နယ် ငတက်ကျေးရွာတွင် စိတ်မနှံ့သူတစ်ဦးက အရက်မသောက်ရန် တားမြစ်သော ဖခင်အား ဓားရှည်ဖြင့် ခုတ်သတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
16:07
Rating: