တရုတ်သမ္မတဟောင်း လက်ထောက်ကို အဂတိမှုနဲ့တရားဝင် စွဲချက်တင်


သမ္မတဟောင်း ဟူဂျင်းတောင် လက်ထက်တုန်းက သမ္မတရုံး ဗဟိုကော်မတီ အကြီးအကဲအဖြစ် တာဝန်ယူခဲ့ရတဲ့ Ling Jihua ကို လာဘ်ယူမှု ၊ အာဏာ အလွဲသုံးစားလုပ်နဲ့ နိုင်ငံတော် လျို့ဝှက်ချက် ပေါက်ကြားစေမှု စတာတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၂၀၁၂ ခုနှစ်ကတည်းက ရာထူးက ဖယ်ရှား ခံထားရတာ ဖြစ်ပြီး တန်ဖိုးကြီး ပြိုင်ကား Ferrari တစင်းနဲ့ သူ့သား ယာဉ်တိုက်မှု ဖြစ်ခဲ့တာဟာ လည်း သူရာထူး ပြုတ်ရတဲ့ အကြောင်းတရပ်ဘဲလို့ တချို့သတင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ သူ့ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့ ပြီး ၂၀၁၅ ဇူလိုင်လမှာ ဖမ်းဆီးကာ ကွန်မြူနစ် ပါတီကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ လက်ရှိ သမ္မတ Xi Jinping ရှီကျင့်ပင်း လက်ထက် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အလေးထား လုပ်ဆောင်နေပြီး နိုင်ငံရေးမှာ သြဇာ တိက္ကမ ကြီးတဲ့သူတွေ တော်တော်များများ ဖမ်းဆီး အရေးယူ ခံနေရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
တရုတ်သမ္မတဟောင်း လက်ထောက်ကို အဂတိမှုနဲ့တရားဝင် စွဲချက်တင် တရုတ်သမ္မတဟောင်း လက်ထောက်ကို အဂတိမှုနဲ့တရားဝင် စွဲချက်တင် Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.