လေပြင်းတိုက်၊ မိုးသီးကြွေမှုကြောင့် လူ၂၁ ဦး သေဆုံးကာ ခြောက်သောင်းနီးပါး ဘေးဒုက္ခ ရင်ဆိုင်ရဟု ဆို

လေပြင်းတိုက်ခတ်မှုကြောင့် လဲပြိုသွားသော သစ်ပင်များအား ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ရှင်းလင်းစဉ် (ဓာတ်ပုံ-MOI)
    ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံတွင် ဧပြီလလယ်မှ စတင် ဖြစ်ပေါ်နေသော လေပြင်း တိုက်ခိုက်ခြင်းနှင့် မိုးသီး ကြွေမှုကြောင့် လူပေါင်း ၂၁ ဦး သေဆုံးကာ ၅၉,၀၀၀ ကျော် ဘေးဒုက္ခ ခံစားနေရကြောင်း ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က ပြောကြားသည်။

အဆိုပါ ရာသီဥတု ဆိုးဝါးပြီး လေပြင်းတိုက်၊ မိုးသီး ကြွေမှုများကြောင့်  အိမ်ခြေ ၁,၉၀၀ နီးပါး ပျက်စီး ဆုံးရှုံးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဒေသအချို့တွင် အဆိုပါ လေပြင်းကြောင့် အကူအညီများ လိုအပ်လျက် ရှိသည်။

 မြန်မာနိုင်ငံဒေသအချို့တွင် ဧပြီလလယ်မှစကာ လေပြင်းမုန်တိုင်းများကြောင့် ရှေးဟောင်း ဘုရားစေတီပုထိုးပေါင်း ၁,၇၀၀ ဝန်းကျင် ပြိုကျ ပျက်စီးခဲ့ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများ ပျက်စီးကာ တိရစ္ဆာန်များလည်း သေဆုံးခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
လေပြင်းတိုက်၊ မိုးသီးကြွေမှုကြောင့် လူ၂၁ ဦး သေဆုံးကာ ခြောက်သောင်းနီးပါး ဘေးဒုက္ခ ရင်ဆိုင်ရဟု ဆို  လေပြင်းတိုက်၊ မိုးသီးကြွေမှုကြောင့် လူ၂၁ ဦး သေဆုံးကာ ခြောက်သောင်းနီးပါး ဘေးဒုက္ခ ရင်ဆိုင်ရဟု ဆို Reviewed by THITHTOOLWIN on 15:47 Rating: 5
Powered by Blogger.