ပြည် မေလ(၂၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့ ၊ ရွာဘဲရပ်ကွက်၊ သန္ဓေပင်ရပ် ၊ နဝဒေးလမ်းမပေါ်တွင် ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် ဆိုင်ကယ်တိမ်းမှောက် သေဆုံးမှုအား ပြည်မြို့မရဲမှအမှုမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်းသိရသည်။
ဖြစ်စဉ်မှာ မေလ(၂၇)ရက်နေ့ ည(၁၁း၄၀)အချိန်ခန့် နဝဒေးလမ်းအတိုင်း နဝဒေးကားကြီးဝန်းဘက်မှ နဝဒေးတံတားဘက်သို့ ဦးအေးလွင်(၅၆)နှစ်၊ (ဘ)ဦးထွေး၊ ဆိုင်ကယ် ကယ်ရီမောင်း၊ သရက်တောရပ်ကွက်၊ပြည်မြို့နေသူသည် ဆိုင်ကယ်အမှတ် မတလ/၁၂၂၅၃၃ Smash YANDE (၁၁၀)အနက်ရောင် ဆိုင်ကယ်အား တစ်ဦးတည်းမောင်းနှင်လာစဉ် ပြည်မြို့ ၊ ရွာဘဲရပ်ကွက်၊ သန္ဓေပင်ရပ်၊ ကသစ်ပန်းတည်းခိုခန်းအနီးအရောက် လမ်းယာဘက်ခြမ်းတွင် ဆိုင်ကယ်တိမ်းမှောက်၍ ဦးအေးလွင်၏ ဦးခေါင်းနောက်စေ့ ဖူးရောင်ဒ
ဏ်ရာ ၊ ယာဘက်လည်ပင်းတွင် ပေါက်ပြဲဒဏ်ရာတို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးကာ ဆိုင်ကယ်တွင် ဝဲ/ယာနောက်ကြည့်မှန်ကွဲ ၊ ဝဲလက်ကိုင်ပွန်း၊ ဝဲဒူးကာပွန်းသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ကြောင်း။
ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့အမှတ်(၁၃)ပြည်တပ်ဖွဲ့စုမှ ရဲအုပ်အောင်မျိုးဦးက တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း ယာဉ်(ပ)၃၆/၂၀၁၆ ၊ ပြစ်မှုပုဒ်မ ၃၀၄-ကအရအမှုရေးဖွင့်ပြီး အဆိုပါ ဦးအေးလွင် သေဆုံးမှုအား အမှုမှန်ပေါ်ရန်အတွက် ဒုရဲအုပ်မြတ်သူစိုးမှ လိုက်လံစုံစမ်း စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
https://www.facebook.com/pyaynews/
ဆိုင်ကယ် ကယ်ရီမောင်းသူ အမျိုးသားတစ်ဦး သေဆုံးမှုအား ပြည်မြို့မရဲစခန်းမှ စုံစမ်းဖော်ထုတ်နေ
Reviewed by THITHTOOLWIN
on
16:15
Rating: