လေပြင်းတိုက်ခတ်မှုကြောင့် ယင်းမာပင်မြို့နယ် ကျောက်မှော်ကျေးရွာတွင် စာသင်ကျောင်းအမိုးလန် စေတီတစ်ဆူထီးတော်မြေခ
ယင်းမာပင် မေ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ကျောက်မှော်ကျေး ရွာတွင် မေလ(၁)ရက်နေ့ ညနေ ၅နာရီ ၁၅ မိနစ် အချိန်က လေပြင်းများ တိုက်ခတ်ခဲ့ရာ ကျောက်မှော်ကျေးရွာရှိ စာသင်ကျောင်း အမိုးလန်၊ စေတီတစ်ဆူ ထီးတော်မြေခခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ကျောက်မှော်ကျေးရွာရှိ အထကကျောင်းရှိ စာသင်ဆောင်(၃) ဆောင်မှ အမိုးမျှားတန်း၊ မျက်နှာ ကျက်နှင့် ကျောင်းဆောင်အမိုးသွပ်ချပ်ရေ(၃၀၀) ပျက်စီးခြင်း၊ လေကနန္ဒာ ဘုန်းတော်ကြီးကျောင်းရှိ စေတီတစ်ဆူ ထီးတော်မြေခခြင်း၊ ရွှေဗောဓိ ဘုန်းတော်ကြီး ကျောင်း အမိုးသွပ်ပြား အချပ်ရေ(၈၀) လန်ထွက် ပျက်စီးခြင်း၊ ကျေးရွာအတွင်းရှိ သွပ်မိုးကပ်ကာ လူနေအိမ် တစ်လုံး ပြိုကျပျက်စီးခြင်း၊ ကျောက်ကုန်းရပ်ရှိ သွပ်မိုးကပ်ကာ လူနေအိမ်တစ်လုံး အမိုးပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် ချင်းတွင်းမြစ် ကျောက်မှော်ကျေးရွာ ဆိပ်ကမ်းတွင် ကြိုးချည်ထားသော ဦးသန်းနိုင်(ကျောက်မှော်ကျေးရွာ)ပိုင် အလျား(၁၂၀)ပေ၊ အနံ(၂၅)ပေရှိ သံခွံ ရွှေရည်ထွန်း မော်တော်မြစ် အတွင်း မှောက်ပြီး မျောပါကာ တစ်ဖက်ကမ်းသို့ ရောက်ရှိခြင်းတို့ ဖြစ်ပွားခဲ့ပါသည်။ အဆိုပါ လေပြင်းတိုက် ခတ်မှု ဖြစ်စဉ်များကြောင့် လူနှင့် တိရစ္ဆာန် အသေ အပျောက် မရှိကြောင်း သိရှိရပါသည်။
(ခရိုင်ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လေပြင်းတိုက်ခတ်မှုကြောင့် ယင်းမာပင်မြို့နယ် ကျောက်မှော်ကျေးရွာတွင် စာသင်ကျောင်းအမိုးလန် စေတီတစ်ဆူထီးတော်မြေခ
Reviewed by THITHTOOLWIN
on
17:41
Rating: