အသက်(၁၆)နှစ်အရွယ်လူငယ်တစ်ဦး ခြောက်လုံးပြူးသေနတ်နှင့် ဆက်ဖှီပုံရိုက်ရင်း သေနတ်ထိမှန်သေဆုံး


အိန္ဒိယပြည်နယ်မြောက်ပိုင်း ပန်ဂျက်ပြည်နယ်မှာ အသက်(၁၆)နှစ် အရွယ်လူငယ်တစ်ဦးဟာ ခြောက်လုံးပြူးသေနတ်နှင့် ဆက်ဖှီပုံရိုက် ရင်း သေနတ်ထိမှန်ကာ မတော်တဆသေဆုံးခဲ့တယ်လို့ စပွန်းနစ်သတင်း
မှာဖော်ပြထားပါတယ်။

 ပန်ဂျက်ပြည်နယ် ပသန်ကော့မြို့က ရမန်ဒိ(ပ်)ဆိုင်း ဆိုတဲ့ကောင်လေးနဲ့ သူရဲ့ ညီမတို့ဟာ သူတို့ဖခင်ရဲ့ ခြောက်လုံးပြူးသေနတ်နဲ့ ဆက်ဖှီ ဓာတ်ပုံရိုက်ခဲ့တယ်လို့ ဆိုပါတယ်။


 ရမန်ဒိ(ပ်)ဟာ အံ့အားသင့်စရာ ဓာတ်ပုံမျိုးရရှိနိုင်ဖို့ သူရဲ့ ဦးခေါင်းကို သေနတ်နဲ့ သူ့ကိုယ်သူချိန်ထားတဲ့ ကိုယ်နေဟန်မျိုးနဲ့ ဆက်ဖှီရိုက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ကင်မရာခလုပ် ကိုနှိပ်ရမယ့် အစား သေနတ်မောင်းကို ဖြုတ်ချခဲ့မိတာကြောင့် ခုလို အဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

 သူ့ကိုနီးစပ်ရာဆေးရုံက တစ်ဆင့် အထူးကုဆေးရုံတစ်ခုကို ထပ်မံပိုဆောင်ပေးခဲ့ပေမယ့် အသက်မမီခဲ့ဘူးလို့သိရပါတယ်။

 အိန္ဒိယနိုင်ငံအတွင်းမှာ ဆယ်လ်ဖီရိုက်ရင်း အသက်သေဆုံးမှုတွေ များလာတာကြောင့် တချို့နေရာတွေမှာ ဆယ်လ်ဖီဓာတ်ပုံမရိုက်ဖို့တောင်တားမြစ်ထားရပါတယ်။

 ဒေသခံရဲအရာရှိတွေ ကတော့လူငယ် သေဆုံးမှုမှာ အပြစ်မကင်းတဲ့သူက သေနတ်ကို လုံလုံခြုံခြုံ မသိမ်းထားတဲ့ သူ့ရဲ့ဖခင်သာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။

5 Plus News
https://www.facebook.com/5-Plus-News
အသက်(၁၆)နှစ်အရွယ်လူငယ်တစ်ဦး ခြောက်လုံးပြူးသေနတ်နှင့် ဆက်ဖှီပုံရိုက်ရင်း သေနတ်ထိမှန်သေဆုံး အသက်(၁၆)နှစ်အရွယ်လူငယ်တစ်ဦး ခြောက်လုံးပြူးသေနတ်နှင့် ဆက်ဖှီပုံရိုက်ရင်း သေနတ်ထိမှန်သေဆုံး Reviewed by THITHTOOLWIN on 14:40 Rating: 5
Powered by Blogger.