စပိန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော တာယာပုံမီးလောင်မှုကြောင့် ပြည်သူ ၉၀၀၀ ခန့်အား ဘေးကင်းရာသို့ ပြောင်းရွှေ့


မက်ဒရစ် ၊ ၁၅-၅-၂၀၁၆

စပိန်နိုင်ငံတွင် မေ ၁၃ ရက်ညပိုင်း နှင့် မေ ၁၄ ရက် နံနက်ပိုင်း အကြား ဖြစ်ပွားခဲ့သော မီးလောင်မှုအား ငြှိမ်းသတ်စဉ် တာဝန်ရှိသူ များအနေဖြင့် ဒေသခံ ပြည်သူ ၈ဝဝဝ ခန့်အား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေး ခဲ့ပြီး ကျန် ၁ဝဝဝ ကိုမူ မကြာမီ ပြောင်းရွှေ့ပေး မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုသည် တရားမဝင် စွန့်ပစ်ထားသော တာယာပုံမှ စတင်ဖြစ်ပွား ခဲ့သည်ဟု ယူဆရပြီး မြို့တော်၏ တောင်ဘက်မှ ၃ဝ ကီလိုမီတာ အကွာရှိ စီစီနာ ဒေသတွင် မေ ၁၃ ရက် နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


ယခု မီးလောင်မှု ဖြစ်ပွားရာ နေရာတွင် တာယာတန် ၁ဝဝဝဝဝ ခန့် ပါဝင်သည့် တရားမဝင် တာယာပုံကြီး တစ်ပုံရှိကြောင်း၊ မီးသတ် တပ်ဖွဲ့ဝင် များသည် မီးလောင်မှု ဖြစ်ပွားရာ နေရာ တစ်ဝိုက်ကို ငြှိမ်းသတ်ခဲ့ကြ သော်လည်း မီးများအား ယခုတိုင် ငြှိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု အတွင်း မက်ဒရစ်မြို့နှင့် ကက်စတီ လာလာမန်ချာ အဖွဲ့မှ မီးသတ် ဝန်ထမ်းများက မီးတောက် များအား ငြှိမ်းသတ်ခဲ့ ကြပြီး စိုက်ပျိုးရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဝန်ကြီးဌာနက မီးများအား ဆက်လက် ငြှိမ်းသတ်ရန် လေယာဉ်နှစ်စင်း စေလွှတ် ခဲ့ကြောင်း သိရသည်။

သို့သော် အဆိုပါ မီးလောင်မှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
စပိန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော တာယာပုံမီးလောင်မှုကြောင့် ပြည်သူ ၉၀၀၀ ခန့်အား ဘေးကင်းရာသို့ ပြောင်းရွှေ့   စပိန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော တာယာပုံမီးလောင်မှုကြောင့် ပြည်သူ ၉၀၀၀ ခန့်အား ဘေးကင်းရာသို့ ပြောင်းရွှေ့ Reviewed by THITHTOOLWIN on 10:12 Rating: 5
Powered by Blogger.