ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရန်အတွက် ကျောက်မဲဒေသခံ ရှမ်းလူမျိုးများနှင့် သံဃာတော်များ မေလ ၂၈ ရက်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။
“ကျွန်မတို့ဒီလက်နက်ကိုင် အဖွဲ့အစည်းအားလုံးပေါ့ တပ်မတော်ရော၊ ရှမ်းရော၊ ပလောင်ရော တိုက်နေတဲ့ တိုက်ပွဲတွေမှာ ပြည်သူတွေပဲ နစ်နာဆုံးရှုံးမှုဖြစ်တဲ့ အတွက်ကြောင့် ဆန္ဒထုတ်ဖော်တာပါ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ကျောက်မဲဒေသခံ မနန်းစံအေးက The Ladies သို့ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် လူအင်အား ၃၀၀၀ ခန့်ပါဝင်ခဲ့ပြီး ရှမ်းပြည်သူ/ ပြည်သားများက ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရှမ်းပြည်တပ်မတော် RCSS /SSA ကို ဆက်လက်လိုလားခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ PSLF/TNLA ကို ဆန့်ကျင်ကြ၊ ကေအိုင်အို ၊ ကေအိုင်အေ ထွက်သွား အလိုမရှိ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးအုပ်စု၊ ဟိုပန်ကျေးရွာအတွင်းရှိ လူနေအိမ် ၆၄ လုံးအား မီးရှို့ဖျက်ဆီးခဲ့သော လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်း အလိုမရှိ ၊ ရှမ်းပြည်မှ အမြန်ဆုံးထွက်သွား၊ ရှမ်းပြည်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ဖြေရှင်းပေးပါရန် စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။
ဇော်မင်းထွန်း
Photo - Kyawsoe Oo FB
The Ladies News
https://www.facebook.com/News.TheLadies
တိုက်ပွဲများရပ်တန့်ပေးရန် ကျောက်မဲမြို့တွင် သံဃာတော်များ ဦးဆောင်ဆန္ဒထုတ်ဖော်
Reviewed by THITHTOOLWIN
on
16:04
Rating: