နေပြည်တော် မေ ၂၉
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် တိုင်း ဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များမှ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် မူးယစ် ဆေးဝါးအ္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင် ရွက်နိုင်ရေးအတွက် ရက် ၁ဝဝ စီမံချက် ချမှတ် အကောင်ထည်ဖော်ဆောင်ရွက် လျက်ရှိရာ မေ ၂၈ ရက်က မူးယစ်တပ် ဖွဲ့စု(၂၂) မူဆယ်မှတပ်ဖွဲ့ဝင်များ၊ ကွတ် ခိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် ကောင်းခါး-ကွတ်ခိုင်လမ်း၊ ယူကလစ်တောတွင် သတင်းအရ ယာဉ်မောင်း အောင်အောင် (ခ)ယေစောင့်တဲ့ မောင်းနှင်လာသည့် ၆ခ/----- နံပါတ်ပါ ၁၂ ဘီး မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ရှိ ပီပါခွံများအောက်တွင် ဆာလာအိတ်များဖြင့် ထည့်သွင်း သယ် ဆောင်လာသည့် စိတ်ြ<ွကရူးသွပ်ဆေး ပြား နှစ်သိန်းစီပါ ဆာလာအိတ် ၁ဝဝ၊ ၂ ဒသမ ၁ သိန်းပါ ဆာလာအိတ် ငါး အိတ်၊ စုစုပေါင်း ဆာလာအိတ် ၁ဝ၅ အိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေး ပြား ပေါင်း ၂၁ဝ ဒသမ ၅ သိန်း(၂၁ သန်း ကျော်)၊ ကာလတန်ဖိုး$ငွေကျပ်သိန်းပေါင်း ၄၂၁ဝဝဝ (ကျပ် ၄၂ ဘီလီယံကျော်)အား သိမ်းဆည်းရမိသည်။
ကွင်းဆက်ဖော်ထုတ်ရာ လျိုဇီ ရှောင် က အောင်ဆန်းအား အောင်အောင်(ခ)ယေစောင့်တဲ့ မောင်းသည့် (၁၂) ဘီး ယာဉ်ဖြင့် ဟိုနမ့်ရွာအနီးမှ စိတ်ကြွ ဆေးပြားများ တင်ဆောင်၍ မန္တလေးပို့ ရန် ခိုင်းစေခဲ့သဖြင့် သယ်ဆောင်ခဲ့ ကြောင်း၊ အောင်ဆန်းမှာ မတ်တူး (အဖြူ ရောင်)ဖြင့် ရှေ့ပြေးကြိုတင် ထွက်ခွာ သွားကြောင်း၊ လျိုဇီရှောင်သည် မတ် ၅ ရက်က မန္တလေးမြို့တွင် စိတ်ကြွရူးသွပ် ဆေးပြား ၆၇ ဒသမ ဝ၇၈ သိန်းပြား၊ အိုက် ၈၂ ကီလို၊ ဘိန်းဆီခဲ ၁၅ ဒသမ ဝ၂ ကီလို၊ ဘိန်းဖြူ ၂၄ ဒသမ ၃၇ ကီလို နှင့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှု၏ အဓိက တရားခံဖြစ်ပြီး ထွက်ပြေးတိမ်း ရှောင်နေသူဖြစ်ကြောင်း၊ ဖမ်းဆီးရမိ မှုနှင့်ပတ်သက်၍ အောင်အောင် (ခ)ယေစောင့်တဲ့၊ အောင်ဆန်း(ဖမ်းမမိ သေး)၊ လျိုဇီရှောင် (ခ) ကျော်ကျော်(ခ) အိုက်ပေါင် (ဖမ်းမမိသေး)တို့ သုံးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျပ် ၄၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သန်းကျော်ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
09:53
Rating: