ပညာရေးဝန်ကြီးနှင့် နကသ တွေ့ဆုံဆွေးနွေး



ယနေ့ (၂၉.၅.၂၀၁၆) ရက်နေ့တွင် အဆင့်မြင့်ပညာဦးစီးဌာနရုံး၌ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(န.က.သ)သည် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံချိန် ၃နာရီခွဲကျော်ကြာမြင့်ခဲ့ပြီး ဆွေးနွေးခဲ့သည့်အကြောင်းအရာများမှာ . .

ပထမပိုင်း
------------
(၁) ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာရပ်တည်လှုပ်ရှားခွင့်ရရှိရေး၊
(၂) ပညာရေးနှင့်သက်ဆိုင်သည့် ဥပဒေများရေးဆွဲသည့် အပိုင်းတွင် ကျောင်းသားများပါဝင် ဆွေးနွေးရေးဆွဲနိုင်ရေး၊
(၃) မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီဥပဒေ ကိစ္စအား ဆွေးနွေးခြင်း၊
(၄) ပညာရေးဝန်ကြီးဌာနမှ န.က.သ အား ပူးပေါင်းလုပ်ဆောင်ရန် ကမ်းလှမ်းထားသော Internal Quality Assurance ကိစ္စနှင့်ပတ်သက်သည့်များကို ဆွေးနွေးခြင်း၊

ဒုတိယပိုင်း
--------------
တက္ကသိုလ်တွင်း ကြုံတွေ့နေရသည့် အခက်အခဲများ ပြသနာများကို တင်ပြညှိနှိုင်းခြင်း စသည်တို့ကို ဆွေးနွေးတိုင်ပင်ခဲ့သည်။

ဓာတ်ပုံ - မင်းသူကျော်
National Student Unions League - NSUL
ပညာရေးဝန်ကြီးနှင့် နကသ တွေ့ဆုံဆွေးနွေး  ပညာရေးဝန်ကြီးနှင့် နကသ တွေ့ဆုံဆွေးနွေး Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.