မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ၂ဝ၁၆ ခုနှစ် မေလ ၁၃ ရက်နေ့က ပြုလုပ်တဲ့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းဆိုင်ရာတွေ ရှင်းလင်းဆွေးနွေးပွဲကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA |
မနေ့က မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရက်တစ်ရာအတွင်း လုပ်ဆောင်မယ့် စီမံချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ပြောလိုက်တာပါ။
"ရဲတပ်ဖွဲ့ဝင်အချို့အနေနဲ့ ဒုစရိုက်များကိုဖော်ထုတ်ဖမ်းဆီးပေးရမယ့်အစား အကာအကွယ်ပေး သည့် ငွေကြေးရယူကာ တရားလို၊ တရားခံများအပေါ် ငွေကြေးတောင်းတာတွေ ယခင်ကလုပ်ခဲ့ကြသလို ယခုလည်းလုပ်နေကြသူတွေရှိတယ်လို့ ပြည်သူများထံမှတိုင်ကြားစာများ လက်ခံရရှိနေသည်၊ အရေးယူဆောင်ရွက်နေမှုများ ပြုလုပ်နေရဆဲဖြစ်ပါတယ်၊ လာဘ်ပေးလာဘ်ယူကိစ္စကို နိုင်ငံတော်မှ တိတိလင်းလင်း ပြတ်ပြတ်သားသား ကြေညာချက်ထုတ်ပြန်ထားသည်ဖြစ်လို့ ရဲတပ်ဖွဲ့ဝင်အဆင့်အတန်း အားလုံး တိတိကျကျလိုက်နာဖို့လိုပါတယ်"
ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုကိုဝန်ဆောင်မှုပေးတဲ့အခါ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေအတိုင်း လူမျိုး ဘာသာ ကျားမ ဆင်းရဲ ချမ်းသာ အဆင့်အတန်းမခွဲခြားပဲ ဥပဒေရဲ့ အကာအကွယ်ရအောင် တစ်ပြေးညီဆောင် ရွက်ပေးဖို့ကိုလည်း မှာကြားခဲ့ပါတယ်။
အခမ်းအနားကို ပြည်နယ်အတွင်းက ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ မြို့မိ မြို့ဖတွေ တက်ရောက်ခဲ့ ကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရဲတွေ လာဘ်ယူမှုကင်းဖို့ ကချင် ဝန်ကြီးချုပ် ပြောကြား
Reviewed by THITHTOOLWIN
on
09:17
Rating: