ဆီးခုံချင်းဆက်ယောင်္ကျားလေးအမွှာကို တစ်နှ်စ်အရွယ်မှ စတင်ခွဲစိတ်မှာဖြစ်ပြီး အကြီးစားခွဲစိတ်မှု ငါးကြိမ်ခန့်ပြုလုပ်မည်


မုံရွာပြည်သူ့ဆေးရုံကြီးမှာ မွေးဖွားခဲ့တဲ့ ဆီးခုံချင်းဆက် ယောင်္ကျားလေးအမွှာ ကို (၁) နှစ်အရွယ်ရောက်မှ စတင်ခွဲစိတ်မှာ ဖြစ်ပြီး အကြီးစား ခွဲစိတ်မှု ငါးကြိမ်ခန့် ပြုလုပ်မှာ ဖြစ်တယ်လို့ မန္တလေးကုတင် (၅၅၀)ဆံ့ ကလေးဆေးရုံက အမွှာကလေးငယ်တွေကို ကျန်းမာရေးဆောင်ရွက်ပေးနေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ဆီးခုံချင်းဆက်အမွှာကို (၂၀၁၆) ခုနှစ်ဇန်န၀ါရီလ (၁၃) ရက်က မုံရွာပြည်သူ့ဆေးရုံကြီးမှာ မွေးဖွားခဲ့ပြီး မန္တလေးကလေးဆေးရုံကြီးကို လွှဲပြောင်းခဲ့တာဖြစ်ပါတယ်။

 အမွှာကလေးငယ်တွေဟာ (၃)လသား အရွယ်ပဲရှိသေးတာကြောင့် ဆီးခုံရိုးကွင်းဆက်နေမှုနဲ့ အတွင်းအဂါင်္တွေ ဆက်စပ်တဲ့ ခွဲစိတ်မှုတွေပြုလုပ်နိုင်ဖို့ အသက် (၁)နှစ်အရွယ်လောက်မှ ခွဲစိတ်မှုစတင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 အကြီးစားခွဲစိတ်မှု (၅) ကြိမ်ခန့်ပြုလုပ်မှာ ဖြစ်ပြီး အသက် (၃) နှစ်လောက်မှ ခွဲစိတ်မှု ပြီးမြောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 အဲဒီအမွှာကလေးငယ်ဟာ ဆီးခုံရိုးဆက်နေခြင်း၊ စအိုမပါခြင်း၊ အတွင်းအဂါင်္တွေ ဖြစ်တဲ့ အူမကြီး ဆီးအိမ်တွေ ဆက်နေတာကြောင့် လောလောဆယ်မှာ အူမကြီးဖောက်ပြီး လမ်းကြောင်းလွှဲကုသထားတယ်လို့ သိရပါတယ်။

 အမွှာကလေးငယ်ကို မန္တလေးကလေးဆေးရုံမှာ သီးသန့်အထူးခန်းမှာထားရှိပြီး အခမဲ့ကုသပေးနေတာဖြစ်တယ်လို့ ဆေးရုံအုပ်ဒေါက်တာသက်ဆွေကပြောပါတယ်။

 ဆီးခုံချင်းဆက် ယောင်္ကျားလေးအမွှာကို ဆေးရုံအုပ်ကြီး ဒေါက်တာသက်ဆွေအပါအ၀င် ကလေးခွဲစိတ်ဆရာဝန်ကြီး တွဲဖက်ပါမောက္ခဒေါက်တာမောင်မောင်လွင်နဲ့ ပါမောက္ခဆရာဝန်ကြီးတွေက ဦးဆောင်ကုသပေးနေတာဖြစ်ပါတယ်။

 အခု အောက်ပိုင်းချင်းဆက် အမြွှာဟာ မန္တလေးကုတင် (၅၅၀) ဆံ့ကလေးဆေးရုံကြီးမှာ တတိယမြောက် ခွဲစိတ်တဲ့အမြွှာဖြစ်ပြီး အခြားကိုယ်ချင်းဆက် အမြွှာတွေဖြစ်တဲ့ မိုးပပအောင်နဲ့ မိုးမမအောင်၊ အောင်ခန့်ကျော်နဲ့ အောင်မြတ်ကျော်တို့ကို အခမဲ့ ခွဲစိတ်ပေးခဲ့တယ်လို့ သိရပါတယ်ရှင်။

သတင်းစာသားနဲ့ဓါတ်ပုံ - ရဲရင့်မာန်
5 Plus News
https://www.facebook.com/5-Plus-News
ဆီးခုံချင်းဆက်ယောင်္ကျားလေးအမွှာကို တစ်နှ်စ်အရွယ်မှ စတင်ခွဲစိတ်မှာဖြစ်ပြီး အကြီးစားခွဲစိတ်မှု ငါးကြိမ်ခန့်ပြုလုပ်မည်  ဆီးခုံချင်းဆက်ယောင်္ကျားလေးအမွှာကို တစ်နှ်စ်အရွယ်မှ စတင်ခွဲစိတ်မှာဖြစ်ပြီး အကြီးစားခွဲစိတ်မှု ငါးကြိမ်ခန့်ပြုလုပ်မည် Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.