ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျ


ပဲရစ် ၊ ၂၂-၅-၂၀၁၆

ပြင်သစ်နိုင်ငံ အနောက် တောင်ပိုင်းရှိ တောင်တန်းဒေသ တစ်ခုတွင် ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ လိုက်ပါလာသူ ရဲတပ်ဖွဲ့ဝင် လေးဦးလုံး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန် ထားသည်။

အဆိုပါ ရဟတ်ယာဉ်သည် စပိန်နိုင်ငံ နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပီရန်နီး တောင်တန်း၏ ထိပ်ဖျားပိုင်း တွင် မေ ၂ဝ ရက်က လေ့ကျင့်ခန်း လုပ်ဆောင်နေစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ပျက်ကျချိန်တွင် ရဟတ်ယာဉ်မှာ မြေပြင်အထက် မှ အမြင့် မီတာ ၂ဝဝဝ နှင့် ၃ဝဝဝ အကြား ပျံသန်းလျက် ရှိကြောင်း ဝန်ကြီးဌာန က ထုတ်ပြန်သည့် ကြေညာချက် တွင် ဖော်ပြ ထားသည်။

သို့သော် ရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းအရင်း ကိုမူ ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။ ယခုအခါ ကယ်ဆယ်ရေး အဖွဲ့များသည် ပျက်ကျခဲ့သည့် ရဟတ်ယာဉ် ၏ အပျက်အစီး များကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်းနှင့် သေဆုံးသူများ အနက် နှစ်ဦးမှာ လေယာဉ်မှူး နှင့် အကူ လေယာဉ်မှူး တို့ဖြစ်ပြီး ကျန်နှစ်ဦးမှာ ကယ်ဆယ်ရေး ကျွမ်းကျင်သူများ ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/
ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျ  ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ရဲတပ်ဖွဲ့ပိုင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျ Reviewed by THITHTOOLWIN on 11:16 Rating: 5
Powered by Blogger.