အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁ဝ၄/၂)နှင့် (၁ဝ၄/၃) အကြား ယာဉ်တိမ်းမှောက်မှုဖြစ်

အရှိန်မထိန်းနိုင်၍ ယာဉ်တိမ်းမှောက်မှုဖြစ်
ကျောက်တံခါး မေ ၂၈

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁ဝ၄/၂)နှင့် (၁ဝ၄/၃) အကြား၌ မေလ(၂၈) ညနေ ၄ နာရီခွဲက ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်းကျော်မိုး(၃၁နှစ်) ဘားအံမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ်5E/---တိုယိုတာဆာ့ဖ်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာ ရေထုတ်ပြွန်ကို တိုက်မိ၍ တိမ်းမှောက်ခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါသူများထိခိုက်ဒဏ်ရာမရရှိကြောင်း၊ ကျောက် တံခါးမြို့နယ် မြို့ချောင်းအမြန်လမ်းရဲစခန်းက ယာဉ်မောင်း ကျော်မိုးအား အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁ဝ၄/၂)နှင့် (၁ဝ၄/၃) အကြား ယာဉ်တိမ်းမှောက်မှုဖြစ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁ဝ၄/၂)နှင့် (၁ဝ၄/၃) အကြား ယာဉ်တိမ်းမှောက်မှုဖြစ် Reviewed by THITHTOOLWIN on 17:20 Rating: 5
Powered by Blogger.