မိတ္ထီလာ မေ ၂၈
မိတ္ထီလာမြို့နယ် အလည်ရွာကျေးတောင် ဘက် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၇၆ အနီး၌ မေလ(၂၈)ရက်နေ့  နံနက် ၆ နာရီ ၅ မိနစ်ခန့်က မော်တော် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်၍ ယာဉ်ပေါ်တွင် လိုက်ပါ လာသူ ရှစ်ဦးဒဏ်ရာရရှိပြီး ၄င်းတို့အနက် မှ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ကိုဇော်မင်းဦး(ခ)မင်းဇော် မောင်းနှင်သည့် ယာဉ်အမှတ် YGN-9E/----ဆာ့ဖ်ယာဉ်မှာ မိုင်တိုင် အမှတ် ၂၇၆ အနီး၌ အရှိန်မထိန်း နိုင်ဘဲ တိမ်းမှောက်၍ ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်ပါ အမျိုးသား လေးဦး၊ အမျိုးသမီးလေးဦး ဒဏ်ရာ ရရှိခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ပြင်ပလူနာဌာနသို့ ပို့ဆောင် ကုသခဲ့သည်။
ခရိုင်ပြည်သူ့ဆေးရုံကြီး အရေးပေါ် ပြင်ပလူနာဌာနသို့ ရောက်ရှိပြီးနောက် ဒဏ်ရာရ လူနာရှစ်ဦးအနက်မှ ဦးစံငွေ(၆ဝ နှစ်)နှင့် ဒေါ်အေးမြင့် (၄၇ နှစ်) မအူကျေးရွာလှည်းကူးမြို့ နယ်တွင် နေထိုင်သူနှစ်ဦးမှာ သေဆုံးသွားကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ကိုဇော်မင်းဦး(ခ) မင်းဇော်အား သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။
ချမ်းသာ(မိတ္ထီလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အမြန်လမ်း မိုင်တိုင် ၂၇၆ အနီး မော်တော်ယာဉ်တိမ်းမှောက်၍ နှစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
17:17
Rating: