မြစ်သားမြို့ မိုးသက်လေပြင်းကြောင့် ရွာ ၆ ရွာရှိ လူဦးရေ ၂၀၆ ဦးခန့် လူနေအိမ်များ ပျက်စီးမှုနှင့် ကြုံနေရ


မြစ်သား မေ ၁၄

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်း မေ ၁၃ ရက် ညနေပိုင်းက မိုးသက်လေပြင်းများ တိုက် ခတ်ခဲ့ ရာ မြစ်သားမြို့ အနောက်ဘက် အခြမ်းရှိ ရွာ ၆ ရွာမှ လူဦးရေ ၂၀၆ ဦးခန့် လူနေအိမ်များ ပျက်စီးမှုများနှင့် ကြုံတွေ့ နေရကြောင်း သိရှိရသည်။

မြစ်သားအနောက်ခြမ်းရှိ အင်းရင်း၊ ဆင်ခြံ၊ ဝက်ထိန်း၊ ပေါက်မြိုင်၊ ရစ်ကန်၊ ကျားတွင်း ကျေးရွာတို့တွင် မိုးသက်လေပြင်းများကြောင့် ၁၃ အိမ်ပြိုကျ၊ ၃၁ အိမ် အမိုးလန်၊ နွား ၁ ကောင်သေဆုံး၊ ဆင်ခြံကျေးရွာ စာသင် ကျောင်း မျက်နှာကျက် ၁၇ချပ် ပြိုကျ၊ ဘုန်းကြီးကျောင်း အုတ်တံတိုင်း ၁၄ ပေ ပြိုကျနှင့် ဝက်ထိန်းကျေးရွာ စာသင်ကျောင်း မျက်နှာကျက် ၆၅ ချပ် ပြိုကျခဲ့ကြောင်း သတင်းရှိရသည်။

ရဲဝင်းထွန်း(မြစ်သား)
မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြစ်သားမြို့ မိုးသက်လေပြင်းကြောင့် ရွာ ၆ ရွာရှိ လူဦးရေ ၂၀၆ ဦးခန့် လူနေအိမ်များ ပျက်စီးမှုနှင့် ကြုံနေရ  မြစ်သားမြို့ မိုးသက်လေပြင်းကြောင့် ရွာ ၆ ရွာရှိ လူဦးရေ ၂၀၆ ဦးခန့် လူနေအိမ်များ ပျက်စီးမှုနှင့် ကြုံနေရ Reviewed by THITHTOOLWIN on 16:07 Rating: 5
Powered by Blogger.