![]() |
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား သတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် ပြစ်မှုကျူးလွန်သူများအား နာရီ ၄၀ အတွင်း ဖော်ထုတ် ဖမ်းဆီးရမိ |
၂၉.၅.၂၀၁၆ ရက်နေ့ ၂၀၀၀ အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၀)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းမှ သိန်းတစ်ရာလမ်းမပေါ်တွင် အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦး အားလူငယ်(၃)ဦးမှ ဆဲဆိုကြိမ်းမောင်းနေသည်ကိုတွေ့ရှိရ၍ ၀င်ရောက်တားမြစ်ရာမှ အဆိုပါလူငယ်(၃)ဦးက ဓားကိုယ်စီဖြင့် ဦးဇော်ဝင်းအား ၀ိုင်းဝန်းထိုးခုတ်ပြီး ထွက်ပြေးခဲ့ရာ ဦးဇော်ဝင်းမှာ ၀ဲဘက်ရင်အုံဘေးထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဦးခေါင်းထိပ် ၂လက်မခန့် ပေါက်ပြဲဒဏ်ရာ ၁ချက်၊ ၀ဲဘက် လက်ညှိုးပြတ်ရှဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး
သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့သဖြင့် လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်သူများအား ဖော်ထုတ်ဖမ်းဆီး အရေးယူပေးရန် တိုင်တန်းချက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း(ပ)၇၉၉/၂၀၁၆၊ ပြစ်မှု ပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
အမှုမှပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ဂျပန်ကြီး(ခ) ကျော်နိုင်လင်း၊ ၎င်း၏ အစ်ကိုဖြစ်သူ ဘိုဘိုလင်း(ခ) အောင်ကိုလင်းနှင့် အောင်မြင့်ဦး (ခ)သုတတို့ (၃)ဦးဖြစ်ကြောင်းသိရှိရပြီး ဖမ်းဆီးရမိရေး အတွက် အဖွဲ့ငယ်များဖြန့်ခွဲ စုံစမ်းဖမ်းဆီးခဲ့ရာ ၃၀.၅.၂၀၁၆ ရက်နေ့ ၁၄၂၀ အချိန်တွင် အောင်မြင့်ဦး(ခ)သုတအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၆) ရပ်ကွက်၊ လှော်ကားလမ်းမ ပေါ်တွင်လည်းကောင်း၊ ၁၄၃၀ အချိန်တွင် ပြစ်မှုကျူးလွန်သူ ဂျပန်ကြီး(ခ) ကျော်နိုင်လင်း၏ ညီတော်စပ်သူ ထက်ပိုင်လင်း(ခ)တာတေအား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၁၀၇)ရပ်ကွက်၊ ငုဝါမြိုင်လမ်းပေါ်တွင်လည်းကောင်း၊ ၁၄၂၅အချိန်တွင် ပြစ်မှုကျူးလွန်
သူများ ထွက်ပြေးတိမ်း ရှောင်ရန်အားပေးကူညီသူ အောင်ပိုင်စိုး(ခ)ခေါလေးအား ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ အင်ကြင်း လမ်းသွယ် (၁)တွင်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်သူ ဂျပန်ကြီး(ခ) ကျော်နိုင်လင်းနှင့် အောင်ကိုလင်း(ခ)ဘိုဘိုလင်းတို့မှာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သံတံတားကျေးရွာသို့ ရောက်ရှိနေကြောင်း သတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များနှင့် ဒိုက်ဦးမြို့နယ် ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီး အသွင်ယူစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူ (၂)ဦးမှာ ၃၁.၅.၂၀၁၆ ရက်နေ့ နံနက်ပိုင်းက အမျိုးသမီးငယ် ၁ဦးနှင့်အတူ မြ၀တီ မြို့သို့ ခရီးသည် တင်မော်တော်ယာဉ်ဖြင့်ထွက်ပြေးတိမ်းရှောင်သွားကြောင်းသတင်းအတည်ပြု ရရှိခဲ့ပါသည်။
ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများစီးနင်းသွားသော မော်တော်ယာဉ်အား ပိတ်ဆို့ဖမ်းဆီးပေးနိုင်ရေးအတွက် မွန်ပြည်နယ်၊ သထုံခရိုင် ရဲတပ်ဖွဲ့နှင့်ဘီလင်းမြို့နယ်ရဲတပ်ဖွဲ့သို့ ဆက်သွယ်ပြီး ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသော ရဲတပ်ဖွဲ့ဝင်များက ၃၁.၅.၂၀၁၆ရက်နေ့ ၁၂၃၅ အချိန်တွင် မော်တော်ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ပြစ်မှုကျူးလွန်သူ ဂျပန်ကြီး(ခ)ကျော်နိုင်လင်း၊ အောင်ကိုလင်း(ခ)ဘိုဘိုလင်းနှင့်အတူ ဂျပန်ကြီး၏ရည်စားဖြစ်သူ မ----တို့ (၃)ဦးအားလက်ရ ဖမ်းဆီးရမိခဲ့ပါသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးအား သတ်ပြီးထွက်ပြေး တိမ်းရှောင် သူများကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ နာရီ (၄၀)အတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများ
အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ ပါကြောင်းသတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice/
ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဓားဖြင့် ၀ိုင်းဝန်းခုတ်သတ်သူ အားလုံးဖမ်းမိ
Reviewed by THITHTOOLWIN
on
17:21
Rating:
