အီတလီနိုင်ငံ မီလန်မြို့ ဆန်စီရိုကွင်းတွင် စပိန်ကလပ် နှစ်သင်း ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ၌ ရီးရဲမက်ဒရစ်အသင်းက အက်သလက်တီကို မက်ဒရစ်အသင်းကို ပင်နယ်တီဖြင့် အနိုင်ယူပြီး ချန်ပီယံဖလားကို ရယူသွားခဲ့သည်။
ပုံမှန်ပွဲကစားချိန် မိနစ်ကိုးဆယ်တွင် တစ်ဂိုးစီ သရေကျနေ ၍ အချိန်ပို ဆက်ကစားခဲ့သော်လည်း အနိုင်အရှုံး မပေါ် သောကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရကာ ရီးရဲက ပင်နယ်တီသွင်းဂိုး ငါးဂိုး - သုံးဂိုးဖြင့် အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။
ရီးရဲမက်ဒရစ်အသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ၁၅ ကြိမ် တက်ရောက်နိုင်ခဲ့ပြီး ယခုအကြိမ်နှင့်ဆိုလျှင် ဆုဖလား ၁၁ ကြိမ် ရရှိခဲ့ပြီဖြစ်သည်။
ဒုတိယဖြင့် ကျေနပ်လိုက်ရသည့် အက်သလက်တီကို မက်ဒရစ်အသင်းမှာမူ ဗိုလ်လုပွဲသို့ သုံးကြိမ်တက်ရောက် နိုင်ခဲ့ကာ ယခုအကြိမ်တွင်လည်း ဆုဖလားနှင့် လွဲချော်ခဲ့ရသည်။
ယခုနှစ်သင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ၂၀၁၄ ခုနှစ်က တွေ့ဆုံဖူးပြီး ရီးရဲမက်ဒရစ်အသင်းကပင် အချိန်ပို သွင်းဂိုးများဖြင့် အနိုင်ယူခဲ့ဖူးသည်။
ရီးရဲနည်းပြ ဇီဒန်းသည် ကစားသမားဘဝနှင့်ရော နည်းပြဘဝနှင့်ပါ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရယူ နိုင်သူ ခုနစ်ဦးမြောက် ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
The Ladies News
https://www.facebook.com/News.TheLadies/
ချန်ပီယံလိဂ်ဖလားကို ရီးရဲမက်ဒရစ်အသင်း ဆွတ်ခူး
Reviewed by THITHTOOLWIN
on
04:58
Rating: