မိုးညှင်းတွင် ဆက်ကြေးကောက်ခံရန်လာရောက်သောသောင်းကျန်းသူတစ်ဦးအား လက်နက်နှင့်အတူဖမ်းမိ


ကချင်မြေနဂါး Friday, 20 May 2016

ကချင်ပြည်နယ် မိုးညှင်းမြို့ တွင် ဆက်ကြေးကောက်ခံရန် အတွက် လာရောက်သော လက် နက်ကိုင်သောင်းကျန်းသူတစ်ဦးအား ထန်းတပင်ကျေးရွာရှိ တောင် ဇလပ်စားသောက်ဆိုင်တွင်ရှိနေစဉ် နယ်မြေခံတပ်ရင်းတပ်ဖွဲ့နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းဖမ်းဆီး နိုင်ခဲ့သည်။

စုံစမ်းသိရှိရသည်မှာ ယမန်နေ့ ည ၈ နာရီတွင် မိုးညှင်းမြို့နယ် အမှတ်(၂ဝ၈) အမြောက်တပ်ရင်း တွင်ဒုတိယဗိုလ်မှူးကြီးရဲထွဋ်သည် တပ်ရင်းမှူးတာဝန်ထမ်းဆောင်နေ စဉ် တပ်စု(၃)မပခစစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ခံဗိုလ် ကြီးစိုးပိုင်က ဖုန်းဖြင့်ဆက်သွယ်၍ မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေး ရွာအုပ်စု ထန်းတပင်ကျေးရွာ မြို့ ရှောင်လမ်းဘေး တောင်ဇလပ်စား သောက်ဆိုင်တွင် သောင်းကျန်းသူ တစ်ဦးသည် ၄င်းတို့အဖွဲ့အတွက် ဆက်ကြေးကောက်ခံရန် ရောက်ရှိ နေကြောင်း သတင်းပို့ခဲ့သည်။

ထို့ကြောင့် ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်နှင့်တပ်ဖွဲ့ဝင်များ၊ ခရိုင်ရဲ တပ်ဖွဲ့ အထူးမှုခင်းနှိမ်နင်းရေးအဖွဲ့ မှ ရဲအုပ်အောင်ကျော်မိုးနှင့်တပ်ဖွဲ့ ဝင်များ၊ မိုးညှင်းမြို့မရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်စောအောင် ဝင်းဝင်း၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဇော်ထက်ပိုင်နှင့်တပ်ဖွဲ့ဝင် များ၊ ရွာသစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ယုနှင့် အဖွဲ့ဝင်များသည် ည ၉ နာရီ ၁၅ မိနစ်တွင် သောင်းကျန်းသူရှိနေ သည့် တောင်ဇလပ်စားသောက် ဆိုင်သို့ သွားရောက်ဖမ်းဆီးခဲ့ကြ သည်။

 သောင်းကျန်းသူသည် မိုး ညှင်းမြို့ အောင်သပြေ(၁)ရပ်ကွက် နေထိုင်သူ လဘန်ရှင်ရစ်ဆိုသူ ဖြစ်ပြီး ၄င်း၏ခန္ဓာကိုယ်တွင် ပတ် ထားသော ကာကီရောင်ခါးပတ် အိတ်အတွင်း N-005118နံပါတ် ပါ M-20 ပစ္စတိုတစ်လက်၊ အရိုး သုံးလက်မ၊ အသွားငါးလက်မရှိ ဓားမြှောင်တစ်ချောင်း၊ သေနတ် ကျည်ဆန်ငါးတောင့်၊ ကျည်အိမ် တစ်ခု၊ သောင်းကျန်းသူအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သောအထောက် အထား စာရွက်စာတမ်းသင်တန်း ဆင်းလက်မှတ်တစ်ခု၊ မော်ဟန် ကျေးရွာနေ ဦးအိုက်ခုတ်ထံသို့ ရေး သားထားသော ငွေတောင်းခံလွှာ တစ်ခု၊ ကန်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထံသို့ ရေးသားထားသော နေ့စဉ်လုပ်ငန်း ခွန်ပေးဆောင်ရန် ငွေတောင်းခံ အကြောင်းကြားလွှာတစ်စောင်၊ အင်ကြင်းကုန်းကျေးရွာအုပ်ချုပ် ရေးမှူး ဦးဇော်ဝင်းဟု ရေးသား ထားသော ငွေတောင်းခံလွှာတစ် စောင်၊ ၈-၄-၂ဝ၁၃ ရက်စွဲပါ ကာဒူတိုက်နယ်မှူးဦးခင်မောင်ထံသို့ ငွေတောင်းခံလွှာစာရွက်တစ်ရွက်၊ သောင်းကျန်းသူအဖွဲ့မှ လစာငွေ ထုတ်ပေးသည့်စာအုပ်တစ်အုပ်တို့ အားတွေ့ရှိခဲ့၍ မိုးညှင်းမြို့မဒုတိယ ရဲစခန်းမှူး ရဲအုပ်စောအောင်ဝင်း ဝင်းကသက်သေများရှေ့တွင်ရှာဖွေ ပုံစံဖြင့်ရေးသွင်းသိမ်းဆည်းခဲ့သည်။

 ထို့နောက် ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်၊ တပ်ရင်းမှူး အမှတ်(၂ဝ၈) အမြောက်တပ်ရင်းမှ တရာလိုပြု လုပ်၍ အမှုဖွင့်လှစ်ခဲ့သဖြင့် လဘန် ရှင်ရစ် (၄၈နှစ်) (ဘ)ဦးလဘန် ဂေါင် အောင်သပြေ (၁)ရပ်ကွက် မိုးညှင်းမြို့နေထိုင်သူအား မြို့မရဲ စခန်း(မိုးညှင်း)မှ (ပ) ၅၇/၂ဝ၁၆ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကချင်မြေနဂါး
The Union Daily
http://uniondaily.net
မိုးညှင်းတွင် ဆက်ကြေးကောက်ခံရန်လာရောက်သောသောင်းကျန်းသူတစ်ဦးအား လက်နက်နှင့်အတူဖမ်းမိ မိုးညှင်းတွင် ဆက်ကြေးကောက်ခံရန်လာရောက်သောသောင်းကျန်းသူတစ်ဦးအား လက်နက်နှင့်အတူဖမ်းမိ Reviewed by THITHTOOLWIN on 11:38 Rating: 5
Powered by Blogger.