အက်ပဲလ် တရုတ်တက္ကဆီဈေးကွက်မှာ မြှုပ်နှံ

 တရုတ်မှာ အက်ပဲလ် ပစ္စည်းတွေ လူကြိုက်များ
ကမ္ဘာ့ထိပ်သီး နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ အက်ပဲလ် ကုမ္ပဏီက ဒီးဒီးချူရှင်း နာမည်ရှိတဲ့ တက္ကဆီ လုပ်ငန်းကို အက်ပဲလ် နည်းပညာအခြေခံ နဲ့ ထူထောင်ဖို့ အတွက် အမေရိကန် ဒေါ်လာ သန်းတထောင် ရင်းနှီးမြုပ်နှံ သွားမယ်လို့ ဆိုပါတယ်။

ဒီလုပ်ငန်းကို လုပ်လိုက်တဲ့ အတွက် အက်ပဲလ် ကုမ္ပဏီ အနေနဲ့ တရုတ်ဈေးကွက် အကြောင်းကို ကောင်းကောင်းနားလည်လာလိမ့်မယ်လို့ အက်ပဲလ်ရဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က် က ပြောပါတယ်။

အက်ပဲလ်ရဲ့ အခုရင်းနှီးမြုပ်နှံမှုဟာ သူ့သမိုင်းမှာ တခုတည်းသော တခြားလုပ်ငန်းတခုအပေါ်မှာ အများဆုံး ရင်းနှီးမြုပ်နှံမှု ဖြစ်တယ်လို့ ဒီးဒီး ချူရှင်း က ဆိုပါတယ်။

ဒီးဒီးချူရှင်းဟာ တနေ့ကို တက္ကဆီ အခေါက်ရေ ၁၁ သန်းဆွဲရပါမယ်။

BBC Burmese
http://www.bbc.com/burmese
အက်ပဲလ် တရုတ်တက္ကဆီဈေးကွက်မှာ မြှုပ်နှံ  အက်ပဲလ် တရုတ်တက္ကဆီဈေးကွက်မှာ မြှုပ်နှံ Reviewed by THITHTOOLWIN on 07:31 Rating: 5
Powered by Blogger.