![]() |
(အုန်းချောဒေသမှ ကျောက်ခန်းလုပ်ကွက်တစ်ခု) |
သေဆုံးသူနှစ်ဦးဟာ ကျောက်ခန်း ပိုင်ရှင် ဒေါ်ခင်မိုးကြည် နဲ့ ကျောက်ခန်းအလုပ်သမား ဇေယျာမင်း တို့ဖြစ်ပြီး ကျောက်တောင်ခွဲ ထားတာကိုသွားရောက်ကြည့်ရှု စဉ် ပေ(၁၀၀)အမြင့် ကနေ ကျောက်တောင်ပြိုကျခဲ့တာကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ကျောက်တောင်ပြိုကျခဲ့တဲ့အချိန်ထွက်ပြေး ခဲ့ပေမယ် လွတ်မြောက်ခဲ့ခြင်းမရှိပဲ သေဆုံးသွားခဲ့တာဖြစ်ပါ တယ်။
သေဆုံးသူနှစ်ဦးရဲ့ အလောင်းကို မန္တလေးဆေးရုံကြီးကို ပို့ပြီး စစ်ဆေးထားပါတယ်လို့အုန်းချောရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ '' အခင်းဖြစ်ပွားရာ အနီးဝန်း ကျင်မှာ ကျောက်တောင်ပြိုကျလို့ နှစ်တိုင်း လူသေဆုံးမှုဖြစ်ပွားလေ့ ရှိတယ်လို့အုန်းချောမြို့ခံ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကျောက်တောင်မပြိုရင်လည်း ကျောက်သယ်ကားတွေ ထော်လာဂျီတွေ တောင်ပေါ်က ပြုတ်ကျလို့ သေဆုံးတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ အုန်းချောအနီးက ကျောက်ခန်းတွေမှာ မတော်တဆဖြစ်ပြီး တစ်နှစ်ကို အနည်းဆုံး လူငါးဆယ်ခန့်သေဆုံးမှု ရှိတယ်လို့လည်းအုန်းချောမြို့ခံ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အခုသေဆုံးသူနှစ်ဦးရဲ့အလောင်း ကို မန္တလေးဆေးရုံကြီးမှာ PR-10/11/2016 နဲ့လက်ခံထားပြီး အုန်းချော ရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၁၅/၂၀၁၆ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။
သတင်း ၊ ဓာတ်ပုံ - ရဲရင့်မာန်
5 Plus News
https://www.facebook.com/5plusnews
တမာတောင်ကျောက်ခန်းမှာ ကျောက်ခန်းပြိုကျပြီး လူ(၂)ဦးသေဆုံး
Reviewed by THITHTOOLWIN
on
21:09
Rating:
