လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်း၍ လူနေအိမ်များ၊ စာသင်ကျောင်းဆောင်များ အမိုးလန်ပျက်စီး


သာစည် မေ ၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မေ(၁)ရက်နေ့ ညနေ (၃)နာရီခွဲခန့် က လေပြင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းဆောင်များ၊ ဘုန်းတော် ကြီးကျောင်းများ အမိုးလန်ခြင်းနှင့် ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။


အဆိုပါ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သာစည်မြို့နယ် ကျေးရွာ အုပ်စု(၁၀)စု ကျေးရွာ(၁၂)ရွာမှ လူနေအိမ်(၆၄)လုံး၊ စာသင်ကျောင်းဆောင်(၅)ဆောင်၊ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး(၁)ရုံး၊ နွားစောင်းတဲ(၁)လုံး၊ စပါးကျီ(၁)လုံး၊ ဈေးအဆောက်အဦ(၁)လုံး အမိုး လန်ခြင်းနှင့် ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


အဆိုပါကျေးရွာများသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်သိန်း၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ငွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျှက်ရှိကြောင်းနှင့် လူနှင့် တိရိစ္ဆာန်ထိခိုက်သေဆုံးမှု မရှိကြောင်း သတင်းရရှိသည်။

ထွန်းထွန်း(သာစည်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်း၍ လူနေအိမ်များ၊ စာသင်ကျောင်းဆောင်များ အမိုးလန်ပျက်စီး  လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်း၍ လူနေအိမ်များ၊ စာသင်ကျောင်းဆောင်များ အမိုးလန်ပျက်စီး Reviewed by THITHTOOLWIN on 17:44 Rating: 5
Powered by Blogger.