နေ့ခင်းကြောင် လုယက်သူတွေကို တာဝန်သိပြည်သူတွေ ၀ိုင်းဝန်းဖမ်းဆီးနိုင်ခဲ့


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၈၄)လမ်း နဲ့ (၃၄)လမ်းထောင့်မှာ မေ(၁၃)ရက် နံနက်(၁၀)နာရီခွဲခန့်က ဆိုင်ကယ်နဲ့ လုယက်သူတစ်ဦးကို တာဝန်သိပြည်သူတွေက မိနစ်ပိုင်းအတွင်း ၀ိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ မန္တလေးမြို့ (၈၃)လမ်း နဲ့ (၃၄)လမ်းအတိုင်း အရှေ့မှ အနောက်သို့ သားအမိ နှစ်ဦး စီးနှင်းလာတဲ့ စူပါကပ် ဆိုင်ကယ် နောက်မှာ အမျိုးသားနှစ်ဦး (၁၂၅) ဆန်ဘို ဆိုင်ကယ် စီးပြီး နောက်ကနေ လုယက်ခဲ့ရာ တာဝန်သိပြည်သူတွေက ၀ိုင်းဝန်းဖမ်းဆီးခဲ့တာဖြစ်ပါတယ် ။

'' သားအမိနှစ်ယောက်စီးလာတဲ့ စူပါကပ်ဆိုင်ကယ်နောက်က အမျိုးသားနှစ်ဦး စီးလာတဲ့ ဆိုင်ကယ်က နောက်က ကပ်ပြီး လုတဲ့အချိန် စူပါကပ်ဆိုင်ကယ်က အရှိန်မထိန်းနိုင်ပဲ လဲသွားတယ်၊ သူခိုးနှစ်ယောက်ဆိုင်ကယ်ကလဲ ဟန်ချက်ပျက်ပြီး လဲသွားတယ်၊ အဲဒီအချိန် အနီးဝန်းကျင်က လူတွေက သူခိုး၊ သူခိုးလို့ အော်လိုက်တဲ့အခါ လူတစ်ဦးက သူခိုးဆိုင်ကယ်ကို ပြေးကန်လိုက်လို့ ဖမ်းမိတာပါ၊ သူခိုးဆိုင်ကယ် လဲသွားတဲ့အချိန် ၀ိုင်းဖမ်းတာကို ဆိုင်ကယ်မောင်းတဲ့ လူက လွတ်သွားတယ်၊ နောက်က ပိုက်ဆံအိတ်လုတဲ့ တစ်ယောက်ပဲ ဖမ်းမိခဲ့တာပါ၊ အမှတ်(၈)ရဲစခန်းကို အပ်ခဲ့ပါတယ် '' လို့ မျက်မြင် မန္တလေးမြို့ခံတွေက ဆိုပါတယ်။

အဲဒီ လုယက်သူ နှစ်ဦးအနက် ဖမ်းမိသူတစ်ဦးမှာ မျိုးမင်းသန့် (၂၆)နှစ်ဖြစ်ပြီး လုယက်ရာမှာ အသုံးပြုခဲ့တဲ့ ဆန်ဘို (၁၂၅)ဆိုင်ကယ်ကို အမှတ်(၈)ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။


ဖမ်းဆီးရမိသူ မျိုးမင်းသန့်(၂၆)နှစ်ကို လက်ရှိမှာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အရင်က ပြစ်မှုကျူးလွန်ထားတာတွေ ရှိတဲ့အတွက် ကွင်းဆက်အမှုတွေကို စစ်ဆေးဖော်ထုတ်နေတယ်လို့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၈)မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကွင်းဆက်အမှုတွေကိုလည်း ဖော်ထုတ်နိုင်ဖို့ စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်းစာသား ........................ ရဲရင့်မာန်
သတင်းဓာတ်ပုံ ........................ ပြည့်စုံအောင်
5 Plus News
https://www.facebook.com/5plusnews/
နေ့ခင်းကြောင် လုယက်သူတွေကို တာဝန်သိပြည်သူတွေ ၀ိုင်းဝန်းဖမ်းဆီးနိုင်ခဲ့  နေ့ခင်းကြောင် လုယက်သူတွေကို တာဝန်သိပြည်သူတွေ ၀ိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ Reviewed by THITHTOOLWIN on 18:51 Rating: 5
Powered by Blogger.