ကင်ညာတွင် အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးသူ ၂၂ ဦး ရှိလာ

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီတွင် ပြိုကျခဲ့သည့် လူနေ အဆောက်အအုံ အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    နိုင်ရိုဘီ၊ မေ ၃ ရက် (ဆင်ဟွာ)

    ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီတွင် ဧပြီလ ၂၉ ရက် က လူနေ အဆောက်အအုံ တစ်ခု ပြိုကျခဲ့မှုကြောင့် လူသေဆုံးမှုများ ရှိခဲ့ပြီး မေလ ၂ ရက်၌ ရုပ်အလောင်း နှစ်လောင်းအား ရှာဖွေ တွေ့ရှိခဲ့သည့် နောက်ပိုင်းတွင် သေဆုံးသူ ဦးရေသည် ၂၂ ဦး ရှိလာကြောင်း သိရသည်။

ကင်ညာနိုင်ငံ အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံ ဆောင်ရွက်မှု စင်တာ ညွှန်ကြားရေးမှူး Colonel Nathan Kigotho က ဧပြီလ ၂၉ ရက် ညနေ့ပိုင်းတွင် နိုင်ရိုဘီမြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျခဲ့သည့် ခြောက်ထပ်တိုက် အဆောက်အအုံမှ လူ ၁၃၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ကယ်ဆယ်ရေး ဝန်ထမ်းများ သည် မေလ ၂ ရက်တွင် အဆောက်အအုံ အပျက်အစီးများ အောက်မှ ရုပ်အလောင်း ၂ လောင်းကို ဆွဲထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၂၂ ဦး ရှိလာကာ ယခုအချိန်အထိ ကယ်ဆယ် နိုင်ခဲ့သူ ၁၃၅ ဦး ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း ဆင်ဟွာ သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ကင်ညာတွင် အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးသူ ၂၂ ဦး ရှိလာ ကင်ညာတွင် အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးသူ ၂၂ ဦး ရှိလာ Reviewed by THITHTOOLWIN on 14:53 Rating: 5
Powered by Blogger.