ကရင်အကျဉ်းသား ထိုင်းထောင်မှူး ခေါင်းကိုရိုက်ခွဲပြီးထွက်ပြေး


 ဒီနေ့မေလ ၁၄ရက်နေ့ နံနက် ၇း၁၅ မိနစ်အချိန်ခန့်တွင် ထိုင်းနိုင်ငံ တတ်ခရိုင် မဲဆောက်ထောင်မှ ကရင်အကျဉ်းသားတစ်ဦး ကိုကျော်မြင့် အသက် ၃၁နှစ်ဆိုသူက ထောင်မှူး မစ်စတာ မုံခုံချိုင်၏ခေါင်းကို တူဖြစ်ရိုက်ခွဲပြီး ထွက်ပြေးတိမ်းရှောင်ဖို့ ထောင်တံတိုင်းကြီးကိုကျော်တက်ဖို့ ကြိုးစားရာတွင် ပြန်လည်ဖမ်းဆီးရမိသွားပါတယ်။

 ခေါင်းရိုက်ခွဲခံရတဲ့ထိုင်းထောင်မှူးကိုတော့ ဒဏ်ရာပြင်းထန်စွာဖြင့် ဆေးရုံသို့တင်ပို့ရာမှာ ဆေးရုံရောက်တော့သေဆုံးသွားခဲ့ပါတယ်။

 ကိုကျော်မြင့်သည် အရင်တုန်းကသူတပါးကို သေစေအောင်ကြံစည်သည့်အမှုနှင့် လက်နက်ဓားစသည့်လက်ဝယ်ကိုင်ဆောင်ထားအမှုစသည်ဖြင့် ထောင်ဒဏ် ၁၀နှစ် ၅လနှင့် ၁၀ရက် ချက်မှတ်ခံရသူတစ်ဦး ဖြစ်ပါတယ်။

 အခင်းဖြစ်ပွားခဲ့ပြီးသည့်နောက် မဲဆောက်ထောင်တာဝန်ရှိများက ထောင်စည်းကမ်းကို ပိုမိုတင်းကြပ်အောင်စီစဉ်ဆောင်ရွက်ထားပါတယ်။

MTF Channel
https://www.facebook.com/mtftv
ကရင်အကျဉ်းသား ထိုင်းထောင်မှူး ခေါင်းကိုရိုက်ခွဲပြီးထွက်ပြေး   ကရင်အကျဉ်းသား ထိုင်းထောင်မှူး ခေါင်းကိုရိုက်ခွဲပြီးထွက်ပြေး Reviewed by THITHTOOLWIN on 17:14 Rating: 5
Powered by Blogger.