တောင်သာမြို့နယ်၊ အုပ်ရှစ်ပင်ကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အုတ်ပြိုပိ၍ လူတစ်ဦးသေဆုံး


တောင်သာ၊ မေ (၁၂)

တောင်သာမြို့နယ်တွင် မေလ(၁၂)ရက်နေ့ ညနေ(၇)နာရီ(၂၀)မိနစ်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဇဂျမ်း ကျေးရွာအုပ်စု၊ အုပ်ရှစ်ပင်ရွာ (အင်ကြင်းသာတောတိုက်)လူနေအိမ်(၆)လုံး၊ ချောင်းဆုံ(န)ကျေးရွာရှိ လူနေအိမ် (၁)လုံးပြိုကျခဲ့ပြီး၊ ရှစ်ပင်ကျေးရွာ (အင်ကြင်းသာတောတိုက်) လူနေအိမ်(၁၈)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း၊ ချောင်းဆုံ(န)ကျေးရွာ ရှိ လူနေအိမ်(၄)လုံး၊ အောင်သာကျေးရွာအုပ်စု၊ အောင်သာကျေးရွာရှိ လူနေအိမ်(၃)လုံး၊ စာသင်ကျောင်း(၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၁)ကျောင်း၊ အရာတော်ကျေးရွာအုပ်စု မင်းလှကျေးရွာရှိ လူနေအိမ် (၆) လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း၊ သပြေဝကျေးရွာအုပ်စု၊ ကင်စလုတ်ကျေးရွာရှိ စာသင်ကျောင်း(၁)ကျောင်းတို့ အမိုးများလေလံ ပျက်စီးသွားခဲ့သည်။


အုပ်ရှစ်ပင်ကျေးရွာမှ ဒေါ်မိုး၊ အသက်(၅၁)နှစ်သည် ၄င်း၏ကိုယ်ပိုင်နေအိမ် (၄×၄)ပင် သွပ်မိုး၊ အုတ်ကာ ဆောက်လုပ်ဆဲမှ အုတ်ပြိုပိ၍သေဆုံးခဲ့ ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းသည် အခင်းဖြစ်ရာသို့ ညတွင်း ချင်း သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည် ။

ကျော်မျိုးနိုင် (တောင်သာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တောင်သာမြို့နယ်၊ အုပ်ရှစ်ပင်ကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အုတ်ပြိုပိ၍ လူတစ်ဦးသေဆုံး တောင်သာမြို့နယ်၊ အုပ်ရှစ်ပင်ကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အုတ်ပြိုပိ၍ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:14 Rating: 5
Powered by Blogger.