သီပေါမြို့ရှိ စစ်ရှောင်စခန်းမှ ကလေးလးငယ်များမှ ကျောင်းတက်ရန် အခက်အခဲဖြစ်နေ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ မြို့ဟောင်းဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော စစ်ရှောင်ဒုက္ခသည် စခန်းမှ ကျောင်းနေအရွယ် ကလေးသူငယ်များမှာ ကျောင်းတက်ရန် အခက်အခဲဖြစ်နေကြောင်း သိရှိရသည်။

နမ္မကျေးရွာအနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများကြောင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ရွာသားများသည် စစ်ဘေးလွတ်ရာ
သီပေါမြို့နှင့် အခြားမြို့များသို့ စစ်ရှောင်လာရာတွင် အဆိုပါမြို့ဟောင်း ဘုန်းကြီးကျောင်းရှိ ကျောင်းနေ အရွယ်ကျောင်းသား ၂၉ ဦးမှာ ကျောင်းတက်ရန်ခက်ခဲနေကြောင်း သိရသည်။

“ကျောင်းတက်ဖို့မပြောနဲ့၊ နေထိုင်စားသောက်ဖို့တောင် ဘယ်လိုလုပ်နေရ မလဲမသိဘူး။ ဘယ်အချိန်မှပြီးမှာလဲ မသိတဲ့ တိုက်ပွဲတွေကြောင့် ကျောင်း ထားပေးလို့မဖြစ်နိုင်ဘူး။ ကျွန်မကလေးက လေးတန်းတက်ရမှာ။ ရွာကို ပြန်ရတော့မှပဲ ကျောင်းထားရတော့မှာပဲ’’ဟု နားရှိုကျေးရွာ မှ ဒေါ်နန်းမူခမ်းက ပြောသည်။

စစ်ရှောင်များအနေဖြင့် အလှူရှင်များက လာရောက်လှူဒါန်းသည့်အပေါ်
တွင်သာ မှီခိုနေထိုင်သောက်စားသောက် နေရပြီး လက်ရှိအခြေအနေမှာ မိုးတွင်းကာလရောက်လာပြီးဖြစ်သောကြောင့် နေထိုင်နိုင်ရန်အတွက် ပူပန်နေရချိန် တွင် ကျောင်းသားများအား ကျောင်းထားပေးရန်အတွက် မစဉ်းစားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ကလည်း နေထိုင်စားသောက်ဖို့အတွက်ကို အလှူခံပြီး ရှာကြံကျွေးထားလို့ရပါတယ်။ ကျောင်းထားပေးဖို့အတွက်ကျတော့ မစဉ်းစားရသေးပါဘူး။ အဆင်ပြေအောင်တော့ စီစဉ်ပေးရမှာပေါ့’’ဟု ဇတ်စု လူမှုကူညီရေးအဖွဲ့မှ ကိုမျိုးကပြောသည်။

သီပေါမြို့နယ်တွင် စစ်ရှောင်စခန်း ငါးခု ဖွင့်လှစ်ထားရှိခဲ့ရာ စစ်ဘေးရှောင်တစ်ထောင်ကျော် လာရောက် ခိုလှုံနေကြပြီး ကျောင်းနေအရွယ်ကလေးများလည်း ပါရှိနေခြင်းကြောင့် ၎င်းတို့ ကျောင်းတက်နိုင်ရန်အတွက် စစ်ပွဲများရပ်တန့်ပေးစေလိုကြောင်း စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်တို့က ဆိုသည်။

MMK
The Ladies News
https://www.facebook.com/News.TheLadies
သီပေါမြို့ရှိ စစ်ရှောင်စခန်းမှ ကလေးလးငယ်များမှ ကျောင်းတက်ရန် အခက်အခဲဖြစ်နေ  သီပေါမြို့ရှိ စစ်ရှောင်စခန်းမှ ကလေးလးငယ်များမှ ကျောင်းတက်ရန် အခက်အခဲဖြစ်နေ Reviewed by THITHTOOLWIN on 16:06 Rating: 5
Powered by Blogger.