မြိတ်မြို့ - ကော့သောင်း အောင်စည်မင်း ခရီးသည် တင်ယာဉ် ၀င်ရိုးကျိုးတိမ်းမှောက်
ဓါတ်ပုံ - တနင်္သာရီတိုင်း ရဲတပ်ဖွဲ့ 
အဆိုပါ ခရီးသည်တင် ယာဉ်သည် ဘုတ်ပြင်းမြို့၊ ခဲချောင်းရွာ၊ မိုင်တိုင်အမှတ် ၉၅/၅-၆ အကြားရှိ၊ ဘေလီတံတားအရောက်တွင် အောက်ပိုင်း တစ်နေရာမှ ၀င်ရိုးကျိုးကာ တံတား၏ယာဘက်လက်ရမ်းအား တိုက်ဖျက်ကျော်ဖြတ်ပြီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ( ၇) ဦး ဒါဏ်ရာများရရှိခဲ့သဖြင့် မဏ္ဍိုင်နယ်မြေရဲစခန်းမှူးမှ အခင်းဖြစ်အရပ်သို့ အချိန်နှင့်တပြေးညီရောက်ရှိလာခဲ့၍ ဒါဏ်ရာရ လူနာများအား မဏ္ဍိုင်ဆေးရုံသို့ ပို့ဆောင်ရန် ယာဉ်စီစဉ်ပေးခြင်း ကျန်ခရီးသည် (၃၆ )ဦးအား နေရာထိုင်ခင်း (ခေတ္တ)စီစဉ်ပေးခြင်းစသည်တို့ ဆောင်ရွက်ပေးခဲ့ပြီး ရဲလုပ်ငန်းအရ လိုအပ် သည်များ ဆက်လက် ကူညီဆောင်ရွက် ပေးနိုင်ရေး ပြင်ဆင် စောင့်ဆိုင်း လျက်ရှိကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့ ရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါသည်။
သစ်ထူးလွင်
မြိတ်မြို့ - ကော့သောင်း အောင်စည်မင်း ခရီးသည် တင်ယာဉ် ၀င်ရိုးကျိုးတိမ်းမှောက်   မြိတ်မြို့ - ကော့သောင်း အောင်စည်မင်း ခရီးသည် တင်ယာဉ် ၀င်ရိုးကျိုးတိမ်းမှောက် Reviewed by THITHTOOLWIN on 22:34 Rating: 5
Powered by Blogger.