ဗြိတိသျှလုပ် ပစ္စည်းကြောင့် တောင်ကိုရီးယားမှာ သေဆုံး

ဘန်ကီဇာထုတ် ပစ္စည်း မသုံးဖို့ လှုံ့ဆော်
ရက်ကစ် ဘန်ကီဇာ ဗြိတိသျှ ဆေးဝါးနဲ့ လူသုံးကုန် ပစ္စည်း ကုမ္ပဏီက သူတို့ထုတ်တဲ့ ပစ္စည်း တမျိုးကြောင့် တောင်ကိုရီးယား နိုင်ငံမှာ လူသေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ ဝန်ခံ ခဲ့ရပါတယ်။

ဒီလို ထိခိုက်ခဲ့သူတွေ အတွက် ဒေါသထွက်နေတဲ့ ဆွေမျိုးတွေ တက်ရောက်ကြတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုမ္ပဏီရဲ့ ကိုရီးယား ဌာနခွဲ အကြီးအကဲ Ataur Safdar က တောင်းပန်ခဲ့ပါတယ်။

ထိခိုက်သူတွေ အတွက် လျော်ကြေးပေးဖို့ နှောင့်နှေးနေတာကို လည်း သူက တောင်းပန်သွားပါတယ်။

ကုမ္ပဏီက ထုတ်တဲ့ စိုထိုင်းမှုကို ဖယ်ရှားတဲ့ ပစ္စည်းတမျိုးနဲ့ အဆုတ်မှာ ဖြစ်တဲ့ ရောဂါတွေ ဆက်စပ်မှု ရှိတာကို တောင်ကိုရီးယား အစိုးရက ၂ဝ၁၁ ခုနှစ်ထဲက ထောက်ပြခဲ့ပါတယ်။

ရက်ကစ် ဘန်ကီဇာ က ဒီပစ္စည်းကို တောင်ကိုရီးယား ဈေးကွက်က ပြန်ရုပ်သိမ်းခဲ့ပေမယ့် ခုမှ ပထမဆုံးအကြိမ် တောင်းပန်ခဲ့တာပါ။

BBC Burmese
http://www.bbc.com/burmese
ဗြိတိသျှလုပ် ပစ္စည်းကြောင့် တောင်ကိုရီးယားမှာ သေဆုံး  ဗြိတိသျှလုပ် ပစ္စည်းကြောင့် တောင်ကိုရီးယားမှာ သေဆုံး Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.