တာလီဘန် အဖွဲ့ဝင်တချို့ (Credit: AFP)
|
ပါကစ္စတန်နိုင်ငံအတွင်း ရောက်ရှိနေတဲ့ တာလီဘန်ခေါင်းဆောင် Mullah Akhtar Mansour ကို အမေရိကန်က တိုက်ခိုက်ပြီးမှ ပါကစ္စတန်ကို အသိပေးတဲ့အတွက် ပါကစ္စတန် အစိုးရက မကျေမနပ် ဖြစ်နေပါတယ်။
အမေရိကန်က ပါကစ္စတန်မှာ တိုက်ခိုက်မှု လုပ်မယ်ဆိုတာကို ကြိုတင်အသိမပေးပဲ လုပ်တာဟာ ပါကစ္စတန်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ ပြောဆိုခဲ့ပါတယ်။
၂၀၁၁ ခုနှစ်တုန်းကလည်း အမေရိကန်တွေဟာ ပါကစ္စတန်မှာ နေထိုင်တဲ့ al Qaeda ခေါင်းဆောင် အိုဆာမာ ဘင်လာဒင်ရဲ့ နေအိမ်ကို ဝင်ရောက်တိုက်ခိုက်တုန်းကလည်း ကြိုတင်အသိမပေးခဲ့တဲ့အတွက် ပါကစ္စတန်ဘက်က အမျက်ဒေါသ ထွက်ခဲ့ရပါတယ်။
အာဖဂန် အစိုးရကတော့ တာလီဘန် ခေါင်းဆောင် သေဆုံးသွားပြီလို့ အသေအခြာ ပြောဆိုနေပေမယ့် အမေရိကန် အစိုးရကတော့ အတိအကြ မပြောသေးသလို တာလီဘန်ကလည်း တရားဝင် ပြောဆိုထားတာမျိုး မရှိသေးပါဘူး။
တာလီဘန် အဖွဲ့ဝင် တချို့ကတော့ သူတို့ရဲ့ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ဖို့ ရာထားတဲ့ လူတွေထဲမှာ တာလီဘန် အရာရှိ Sirajuddin Haqqani ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီလူကသာ ခေါင်းဆောင်ဖြစ်လာရင် အနောက်တိုင်း အစိုးရနဲ့ အာဖဂန် အစိုးရအတွက် တာလီဘန် ကို ချေမှုန်းဖို့ ပိုခက်ခဲမယ်လို့ သုံးသပ်ကြပါတယ်။
အဲဒီလူကို သတ်ပစ်နိုင်ရင် ဒေါ်လာ ၅သန်း ဆုချမယ်လို့လည်း အမေရိကန်က ပြောဆိုထားတာ ရှိပါတယ်။
ဒါ့အပြင် ခေါင်းဆောင်အဖြစ် ရာထား တဲ့လူတွေထဲမှာ တာလီဘန်ကို တည်ထောက်တဲ့လူရဲ့သား ဖြစ်တဲ့ Mullah Mohammad Yaqoob နဲ့ အမေရိကန်က ထိန်းသိမ်းခဲ့ဖူးသူ Mullah Abdul Qayyum Zakir နဲ့ Mullah Sherin တို့လည်း ရာထားတာ ခံရတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
တာလီဘန် ခေါင်းဆောင်သစ်ကို ရာထားနေပြီလို့ဆို
Reviewed by THITHTOOLWIN
on
18:46
Rating: