နိရဉ္စရာ မေ ၂၈ ရက်
ရခိုင်ပြည်နယ် မာန်အောင်မြို အိုးဝအုပ်စု သရော်တော်ကျေး ရွာတွင် မေလ ၂၈ ရက်နေ့ထိ ကျောင်းဆရာ/ ဆရာမ တစ်ဦးတစ်ယောက်မှ မရောက်ရှိသေးသာကြောင့် စာသင်သား ကလေးသူငယ်များ ကျောင်းအပ်နှံ နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေရကြောင်း ရွာသားများက ပြောသည်။
"ကျွန်တော်တို့ ကျေးရွာမှာ ခုထိကျောင်းအပ်လက်ခံမှု မရှိသေးပါဘူး။ ဒါဟာဘာ့ကြောင့်ပါလဲ။ ကျောင်းဆရာ ဆရာမ တစ်ဦးတစ်ယောက်မှလည်း မရောက်ကြပါဘူ။ ဒီလိုပဲ လစ်လျူရှုခံရမှာလား။ တာဝန်ရှိသူတွေအနေနဲ့ ဒီလိုလုပ်နေကြတော့မှာပါလား" ဟု ဒေသခံကျေးရွာလူကြီး ဦးထွန်းမြက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မာန်အောင်မြို့နယ်ပညာရေးမှူး ဦးစောလှအောင်အားဆက်သွယ်ရာ ဆရာကြီး က " ကျွန်တော်တို့ စိစစ်လုပ်ဆောင်မှာပါ။ ကျောင်းအုပ် ဆရာမက သင်တန်းတွေ သွားနေရလို့လား မပြောတတ်ပါဘူး။ လက်ထောက် ဆရာမတွေကို မှာကြားမှု ရှိမရှိနဲ့ အမြန်ဆုံး ကျောင်းအပ်နိုင်ဖို့ အတွက် ကျွန်တော် လုပ်ဆောင်မှာပါ" ဟု နိရဉ္စရာသို့ ပြောသည်။
ကျောင်းအပ်နှံရေး နေ့ရက် အဖြစ် မေလ ၂၅ ရက်မှ ၃၀ နေ့ထိ အဖြစ် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားကြောင်း သိရသည်။
သရော်တော ကျေးရွာ အမကကျောင်းတွင်တာဝန်ထမ်းဆောင်နေသော ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းတင် အပါအ၀င် ဆရာမအင်အား ၄ ဦးရှိရာ တစ်ဦးဦး သင်တန်းသွားသော်လည်း တစ်ခြား ဆရာ/ ဆရာမများ ကျောင်းအပ်နှံမည့် နေ့ရက် အတွင်း ရောက်ရှိသင့်ကြောင်း ဦးအောင်ထွန်းမြက နိရဉ္စရာ သို့ပြောသည်။
သရော်တောကျေးရွာမှာ အိမ်ခြေ ၄၀ နီးပါးသာရှိပြီး စာသင်ကျောင်းမှာ အနံပေ ၃၀ အလျား ပေ ၆၀ ဖြစ်ကာ သွပ်မိုး၊ အခင်းမြေသား ဖြစ်ပြီး မိုးရွာလျင် ဗွက်အိုင်ထကြောင်းနှင့် ကျောင်းသားအင်အား ၃၀ ခန့်သာ ရှိကြောင်း ဒေသခံများက ပြောသည်။
(ဓာတ်ပုံ- သရော်တော်ကျေးရွာ မူလတန်းကျောင်း)
ရွှေရအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
မာန်အောင်မြိုနယ်မှ ကျေးရွာတစ်ခုတွင် ယခုချိန်ထိ ကျောင်းအပ်နှံနိုင်ခြင်းမရှိသေး
Reviewed by THITHTOOLWIN
on
16:49
Rating: