စည်ကမ်းချက်များနှင့် ညီညွှတ်ခြင်းမရှိသော အရက်ဆိုင်များကို ဖမ်းဆီးအရေးယူ


ယစ်မျိုးလုပ်ငန်းလိုင်စင်ပါ စည်ကမ်းချက်များနှင့် ညီညွှတ်ခြင်းမရှိသော အရက်ဆိုင်များကို ရက်တစ်ရာစီမံချက်ရဲများက ဖမ်းဆီးအရေးယူ

မုံရွာ၊ မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာဦးရပ်ကွက် (ခ) အင်းရွာသစ်ရပ်ကွက်အတွင်းရှိ အရက်ဆိုင်များကို ရက်တစ်ရာ စီမံချက်ရဲများက မေ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ယစ်မျိုးလိုင်စင်ပါ စည်ကမ်းချက်များ နှင့် ညီညွှတ်ခြင်းမရှိဟုဆိုကာ ဖမ်းဆီးအရေးယူလိုက်ကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။

ဖမ်းဆီးအရေးယူခဲ့သော အရက်ဆိုင်များအနက် ထန်းလျက်အရက်ချက်ဖို သုံးဖို၊ ခေါင်းရည်ထုတ်လုပ်သူ တစ်ဦး၊ နှင့် ခေါင်ရည်အရောင်းဆိုင် တစ်ဆိုင်တို့ဖြစ်သည်ဟု လိုက်ပါ ဖမ်းဆီးခဲ့သည့် ရဲအရာရှိတစ်ဦးမှ ဆိုသည်။

အဆိုပါ အရက်ဆိုင်များသည် CS – 2 အမျိုးအစား ယစ်မျိုးလိုင်စင် လက်ဝယ်ရှိသူများဖြစ်ကြပြီး ယင်း လိုင်စင်ပါ စည်းကမ်းချက်များနှင့် ညီညွှတ်ခြင်းမရှိသည့်အတွက် ရက်တစ်ရာ စီမံချက် လုပ်ငန်း တာဝန်များအရ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်က သတင်းမီဒီယာများကို ပြောပြသည်။

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
https://www.facebook.com/KoToeChinDween/





စည်ကမ်းချက်များနှင့် ညီညွှတ်ခြင်းမရှိသော အရက်ဆိုင်များကို ဖမ်းဆီးအရေးယူ  စည်ကမ်းချက်များနှင့် ညီညွှတ်ခြင်းမရှိသော အရက်ဆိုင်များကို ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 23:30 Rating: 5
Powered by Blogger.