အပျော်စီး စပိဘုတ် စက်လှေတိမ်းမှောက် (၃)ဦးသေ (၇)ဦး ဒဏ်ရာရ


27May2016

ထိုင်းနိုင်ငံ ဆူလဌာနီ ကော့စမွေ ပင်လယ်အပန်းဖြေစခန်းမှ ဂျာမန် -ဘယ်ဂျီယမ် - ထိုင်းနဲ့ တရုတ် နိုင်ငံသား ခရီးသည် (၃၆)ယောက်တင်ဆောင် ထွက်ခွာလာတဲ့ အပျော်စီး စပိဘုတ် The Aang Thong Discoveryစက်လှေတစီး မေလ ၂၆ ရက် နံနက် ၁၁း၃၀ မှာပင်လယ်တွင်း နစ်မြုပ်သွားကြောင်းသိရပါတယ်။

နစ်မြုပ်သွားတဲ့ စပိဘုတ်ဟာ အန်ထောင်ပင်လယ်ပြင် အတွင်းသွားနေစဉ် လိုင်းကြီးလာခဲ့ပြီး တိမ်းမှောက်သွားခဲ့ရတာပါ၊ ပထမပိုင်းမှာ လှေပေါ်မှာပါလာတဲ့ အပျော်စီးခရီးသည်(၇)ဦးပျောက်ဆုံးနေခဲ့ပါတယ်၊
သေဆုံးသူတွေမှာ အင်္ဂလန် နိုင်ငံသား မိုနီကာ အသက်(၂၈) နှစ် Monica Cozma, 28, and နဲည့  ဂျမန် နိုင်ငံသား ကာဖို ဖရမ်စီကာKafo Franeiska, 29, အသက် (၂၉) တို့ ဖြစ်ပြီး ကမ်းခြေက ကယ်ဆယ်ရေး စက်လှေတွေ က ပင်လယ်တွင်းမျောနေတဲ့ခရီး သည်တွေကို ရှာဖွေကယ်တင်ပေးနေခဲ့ရာမှာယနေ့ မနက်မှာတော့ အသက် (၃၀) အရွယ် တရုတ်နိုင်ငံသူ ရဲ့  အလောင်းဟာ ပင်လယ်တွင်းပေါ် လာခဲ့ပါတယ်။


အင်ဂျင်သုံးလုံးတတ် စပိဘုတ်ယာဉ်မောင်းတဲ့သူတွေဟာ အရှိန်ပြင်းပြင်း နဲ့ စက်ကုန်ဖွင့်မှောင်နေရင်း ရုတ်တရက် လှိုင်းလုံးတွေတက်လာ တဲ့ကြားဖြတ်မောင်းခဲ့ ရာက လိုက်ပါလာသူတွေ ခုလိုအဖြစ်ဆိုးနဲ့ 
ကြုံခဲ့ရတာဖြစ်ပါတယ်။

Photo Dailynews
Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
အပျော်စီး စပိဘုတ် စက်လှေတိမ်းမှောက် (၃)ဦးသေ (၇)ဦး ဒဏ်ရာရ  အပျော်စီး စပိဘုတ် စက်လှေတိမ်းမှောက် (၃)ဦးသေ (၇)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 15:54 Rating: 5
Powered by Blogger.