လှိုင်းကြီး၍လှေနစ်မြှပ်ရာမှ (၂)ဦးပျောက်ဆုံးနေ


 ကျွန်းစုမြို့နယ် တာရပိုင်းကျေးရွာအနီးရေပြင်တွင် လှိုင်းကြီး၍လှေနစ်မြှပ်ရာမှ လူ(၃)ဦးအနက် (၂)ဦးပျောက်ဆုံးလျက်ရှိ

ကျွန်းစု မေ ၁ ရက်

ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်၊ တာရပိုင်းပိုင်းကျေးရွာအနီး သစ်ခေါက်တောင်အရှေ့ရေပြင် တွင် လှိုင်းကြီး၍ ဧပြီလ(၃၀)ရက်နေ့ ည(၆)နာရီအချိန်ခန့်တွင် တာရပိုင်းကျေးရွာနေ ဦးမောင်ဝင်းနှင့် ၎င်း၏သား/သမီး(၂)ယောက်တို့လိုက်ပါလျက် လှေနစ်မြှပ်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဦးမောင်ဝင်းအသက်(၅၃)နှစ်သည် ၎င်းးပိုင်အလျား(၅)လံခွဲခန့်ရှိ တရုတ်စက် (၁၀)ကောင် (၁)လုံး တပ်ဆင်ထားသော ပုဇွန်ပိုက်လှေဖြင့် သားဖြစ်သူ မောင်ဖြိုးအသက်(၁၀)နှစ်နှင့် သမီးဖြစ်သူ မဆောင်းသဇင် အသက် (၆)နှစ်တို့လိုက်ပါကာ ရေမြစ်ကြီးကျေးရွာအုပ်စု၊ မကျည်းကျွန်းကျေးရွာသို့ သွား ရောက်လည်ပတ်ပြီး တာရပိုင်းကျေးရွာသို့အပြန် သစ်ခေါက်တောင်အရှေ့ရေပြင်အရောက်၌ လှိုင်းကြီးသဖြင့် လှေနစ်မြှပ်သွားခဲ့ကြောင်း သိရသည်။

လှေပေါ်လိုက်သူများအနက် မောင်ဖြိုးအား အနီးရှိ ကင်းမွန်မီးထွန်းစက်လှေတစ်စီးမှ အသက်ရှင်လျက် ဆယ်ယူနိုင်ခဲ့ကြပြီး ဦးမောင်ဝင်းနှင့် မဆောင်းသဇင်တို့မှာ ပျောက်ဆုံးနေပါသဖြင့် တာရပိုင်းကျေးရွာ ရာအိမ်မှူး ဦးအုန်းသွင်နှင့် ကျေးရွာသူ/သားများက စက်လှေများဖြင့် လိုက်လှံရှာဖွေနေလျက်ရှိကြကြောင်း တာရပိုင်း ကျေးရွာနေ ပြည်သူများထံမှ သိရှိရသည်။

Ko Kyunthar
https://www.facebook.com/ko.kyunthar
လှိုင်းကြီး၍လှေနစ်မြှပ်ရာမှ (၂)ဦးပျောက်ဆုံးနေ လှိုင်းကြီး၍လှေနစ်မြှပ်ရာမှ (၂)ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 16:33 Rating: 5
Powered by Blogger.