အီရတ်က သြစီသံရုံးမှာ လုံခြုံရေး တစ်ဦး သေဆုံး

သံရုံးမှာ လုံခြုံရေးသမား သေဆုံးပြီးနောက် လုံခြုံရေး တင်းကြပ်ထား (Credit: AAP) 
အီရတ်နိုင်ငံ ​Baghdad ​မြို့က ​သြစတြေးလျ ​နိုင်ငံ ​သံရုံးမှာ ​အမှုထမ်းဆောင်နေတဲ့ ​လုံခြုံရေးသမား ​တစ်ယောက် ​သေဆုံးပြီးနောက် ​သံရုံးမှာ ​လုံခြုံရေး ​တိုးမြင့်ထားပါတယ်။

အသက် ​၃၄ ​နှစ်အရွယ် ​လုံခြုံရေးသမားဟာ ​ပစ်ခတ်ခံရလို့ ​သေဆုံးသွားတယ် ​ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပေမယ့် ​သြစတြေးလျ ​အစိုးရကတော့ ​ဘာကြောင့် ​သေဆုံးရသလဲ ​ဆိုတာကို ​စုံစမ်းနေတုန်းပဲလို့ ​ဆိုပါတယ်။

သေဆုံးသူဟာ ​Unity ​Resources ​Group ​ဆိုတဲ့ ​လုံခြုံရေး ​ကုမ္ပဏီမှာ ​အလုပ်လုပ်ပြီး ​သြစတြေးလျ ​သံရုံးမှာ ​လုံခြုံရေး ​တာဝန်ယူးထားတာလို့ ​သြစတြေးလျ ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဂျူလီဘိရှော့ပ် ​က ​ပြောပါတယ်။

သေဆုံးသူရဲ့ ​မိသားစုဝင်တွေနဲ့အတူ ​ဝမ်းနည်းရတဲ့အကြောင်း ​ကျန်ရစ်သူ ​မိသားစုတွေ ​လိုအပ်မယ့် ​အကူအညီကိုလည်း ​လုပ်ဆောင်ပေးနေတယ်လို့ ​ဆိုပါတယ်။

အခုလောလောဆယ် ​သံရုံးလုံခြုံရေးကို ​တင်းကြပ်ထားပြီး ​မကြာခင်မှာ ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​က ​အသေးစိတ် ​ပြောပြမယ့် ​အနေအထား ​ရှိနေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အီရတ်က သြစီသံရုံးမှာ လုံခြုံရေး တစ်ဦး သေဆုံး  အီရတ်က သြစီသံရုံးမှာ လုံခြုံရေး တစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 10:47 Rating: 5
Powered by Blogger.