ဆမီးတွင် ကျောင်းသားများထံမှ ငွေကောက်ခံ


မေလ ၂၈ -

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီး အထကကျောင်းတွင် ယနေ့ မေလ ၂၈ရက်နေ့တွင် ကျောင်းအပ်လျှောက်လွှာများ စတင်ထုတ်ပေးလျက်ရှိပြီး လျှောက်လွှာဝယ်သူ အထက်တန်း ကျောင်းသားတစ်ဦး ၁၀၀၀ကျပ်၊ အလယ်တန်း ကျောင်းသားတစ်ဦး ၁၀၀၀ကျပ်နှင့် မူလတန်းကျောင်းသားတစ်ဦး ၅၀၀ကျပ်ကို ကျောင်းတံဆိပ်ကြေးဟုဆိုကာ ကောက်ခံနေလျှက်ရှိကြောင်း သိရသည်။

"တခြားနေရာမှာ မေ ၂၅ရက်နေ့က ကျောင်းစအပ်လက်ခံပေမဲ့ ဒီမှာတော့ ဒီနေ့မှ ဖောင်တွေထုတ်ပေးတယ်။ အခမဲ့ပညာရေးစနစ်ဖြစ်လို့ ကျောင်းသားတွေဆီက တစ်ပြားတစ်ကျပ်မှမကောက်ရဘူးဆိုတဲ့ ကြေငြာချက်တွေလည်း တီဗွီတို့ကနေ ကျွန်တော်တို့မြင်ခဲ့ရတယ်။ ဒါပေမဲ့ ဒီမှာတော့ ငွေပေးမှလက်ခံတာလို့ သိရပါတယ်"ဟု ဆမီးဒေသလူငယ်ဥက္ကဌ အိုက်မောင်လှက ခူမီးမီဒီယာသို့ ပြောသည်။

ယနေ့ဖောင်လာထုတ်သူ အယောက် ၅၀ခန့်ရှိပြီး အခမဲ့ပညာရေးစနစ်ဟုဆိုသော်လည်း အထက ဆမီး၏ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဌေးမှ ကျောင်းသားများထံက အထက်ပါအတိုင်း ငွေကြေး
ကောက်ခံခြင်းအပေါ် ဆမီးရပ်မိရပ်ဖများ လုံးဝကျေနပ်မှုမရှိခဲ့ကြောင်း သိရသည်။

Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup/
ဆမီးတွင် ကျောင်းသားများထံမှ ငွေကောက်ခံ  ဆမီးတွင် ကျောင်းသားများထံမှ ငွေကောက်ခံ Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.