လိင်အင်္ဂါ ပြောင်းထားသူတွေနဲ့ ကျား/ မ အိမ်သာ

အမေရိကန်ပြည်ထောင်စုက gender neutral restroom ။
အမေရိကန်ပြည်ထောင်စုမှာ လိင်ပြောင်းထားသူတွေ အနေနဲ့ သူတို့ရွေးချယ်တဲ့ ကျား မ သတ်မှတ်မှုပေါ် မူတည်ပြီး ကျား/မ အိမ်သာတွေကို အသုံးပြုခွင့်ရှိရမယ်ဆို တာကို သမ္မတအိုဘားမားအစိုးရက ဒီကနေ့ မြို့နယ်အသီးသီးက အစိုးရစာသင်ကျောင်း အားလုံးကို ညွှန်ကြားဖို့ ရှိပါတယ်။

တရားရေးဌာနနဲ့ ပညာရေးဌာန အကြီးအကဲတွေ လက်မှတ်ရေးထိုးထားတဲ့ ညွန်ကြားချက်မှာ ဘယ် ကျောင်းသူကျောင်းသားကိုမှ ခွဲခြားဆက်ဆံလို့ မရအောင် ကျောင်းတာဝန်ရှိသူတွေကို ညွှန်ကြားသွားမှာဖြစ်ပါတယ်။

သူတို့ရွေးချယ်တဲ့ လိင်အင်္ဂါကြောင့် လိင်ပြောင်းထားတဲ့ ကျောင်းသူကျောင်းသားတွေ ခွဲခြားဆက်ဆံတာ အပါအ၀င် စာသင်ကျောင်းတွေမှာ ဘယ်လိုခွဲခြားဆက်ဆံမှုမျိုးမှ မရှိရဘူးလို့ တရားသူကြီးချုပ် Loretta Lynch က ကြာသပတေးနေ့ နှောင်းပိုင်းက ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ ဒီကနေ့ စာသင်ကြောင်းတွေကို ညွှန်ကြားချက် ပို့တဲ့အခါ ဒီထုတ်ပြန်ချက်ကိုလည်း ပူးတွဲ ပေးပို့မှာ ဖြစ်ပါတယ်။

စာသင်ကျောင်းတွေမှာ တရားမျှတမှုမရှိတဲ့ မူဝါဒတွေကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းသွားဖို့နဲ့ လိင်ပြောင်းထားသူတွေအပေါ် တခြား ကျောင်းသူကျောင်းသားတွေ က အနှောက်အယှက်မပေးနိုင်အောင် အကာအကွယ်ပေးဖို့ လိုအပ်တဲ့ညွှန်ကြားချက်တွေကို ကျောင်းအုပ်ချုပ်ရေးမှူးတွေ၊ ဆရာဆရာမတွေနဲ့ ကျောင်းသားမိဘတွေကို ညွှန်ကြားသွားမယ်လို့ တရားသူကြီးချုပ် Lynch က ပြောပါတယ်။

ဒီညွှန်ကြားချက်ကို မလိုက်နာတဲ့ စာသင်ကျောင်းတွေကို တရားစွဲဆိုတာ၊ ဖက်ဒရယ်အစိုးရရဲ့ အကူအညီဖြတ်တောက်တာတွေ လုပ်နိုင်ပေမဲ့ ညွှန်ကြားချက်ထဲမှာတော့ မဖြစ်မနေလိုက်နာရမယ့် ဥပဒေတရပ်အဖြစ် ဖော်ပြမထားပါဘူး။

VOA (မြန်မာပိုင်း)
http://burmese.voanews.com
လိင်အင်္ဂါ ပြောင်းထားသူတွေနဲ့ ကျား/ မ အိမ်သာ လိင်အင်္ဂါ ပြောင်းထားသူတွေနဲ့ ကျား/ မ အိမ်သာ Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.