ကျားသေကို အသက်ပြန်မသွင်းမိစေရေး နိုင်ငံတော်ကောင်စီဥပဒေအား ရုပ်သိမ်းသည့်ဥပဒေကြမ်း အမျိုးသားလွှတ်တော်သို့ တင်သွင်း
နေပြည်တော်၊ မေ ၃
ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် ပြဌာန်းခဲ့သည့် နိုင်ငံတော်ကောင်စီဥပဒေအား ရုပ်သိမ်းသည့်ဥပဒေ ကြမ်းတစ်ရပ်အား ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက တင်သွင်းခဲ့သည်။
“နိုင်ငံတော်ကောင်စီကို ဥပဒေပြဌာန်းမှုရှိနေတဲ့အတွက်ကြောင့် အချိန်မရွေး ပြန်လည်ဖွဲ့စည်းနိုင်တဲ့ အနေအ ထားမျိုးဖြစ်နေပါတယ်၊ နိုင်ငံတော်အနေနဲ့လည်း လက်တွေ့ကျင့်သုံးခြင်းမရှိပါဘူး၊ တည်ဆဲဥပဒေ အဖြစ်ကနေ ရုပ်သိမ်းဖို့လို အပ်လာပါတယ်” ဟု ၄င်းကပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ကိုက်ညီမှုမရှိသည့်အပြင် အုပ်ချုပ်ရေးစနစ်ပုံစံတွေများ ပြောင်းလဲခဲ့ သော်လည်း၊ တည်ဆဲဥပဒေတစ်ရပ်အနေနဲ့ ကျန်ရှိနေသေးသည့်အတွက် နိုင်ငံတော်ကောင်စီကို အချိန်မရွေး ပြန်လည်ဖွဲ့စည်းနိုင်သည့် အနေအထားဖြစ်နေကြောင်းလည်း ၄င်းက ဖြည့်စွက်ပြောသည်။
“အဲ့ဒီတုန်းကအုပ်ချုပ်ရေးပုံစံစနစ်အရ နိုင်ငံတော်ကောင်စီဆိုတာ နိုင်ငံတော်ရဲ့ ဥသျှောင်အဖွဲ့အစည်းဖြစ်ပါတယ်၊ သူ့မှာ တာဝန်တွေအပ်နှင်းထားတဲ့အခါမှာ ဥပဒေပြုရေး တာဝန်တွေရော၊ အုပ်ချုပ်ရေးတာဝန်တွေရော အမြင့် ဆုံး အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ တာဝန်ထမ်းဆောင်ရ တာဖြစ်ပါတယ်” အဆိုတင်သွင်းသူ ဒေါက်တာမြတ်ဥာဏစိုးက အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် The Ladies ကိုဖြေကြားသည်။
နိုင်ငံတော်ကောင်စီ၏ လုပ်ပိုင်ခွင့်များသည် လွှတ်တော်ရေးရာကော်မတီဖွဲ့စည်းခြင်း၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ ခန့်အပ်ခြင်း၊ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးတော်ဆောင်အဖွဲ့၊ နိုင်ငံ တော်အဆင့် ဘွဲ့ထူးဂုဏ်ထူးပေးအပ်ခြင်းများကို နိုင်ငံတော်သမ္မတရာထူးရယူထားသည့် နိုင်ငံတော်ကောင်စီ ဥက္ကဌက ကိုင်တွယ်ဆောင်ရွက်သည်။
ကိုပေါက်
The Ladies News
https://www.facebook.com/News.TheLadies/
ကျားသေကို အသက်ပြန်မသွင်းမိစေရေး နိုင်ငံတော်ကောင်စီဥပဒေအား ရုပ်သိမ်းသည့်ဥပဒေကြမ်း အမျိုးသားလွှတ်တော်သို့ တင်သွင်း
Reviewed by THITHTOOLWIN
on
20:05
Rating: