မရမ်းကုန်းမြို့နယ် အုပ်စုလိုက် ရိုက်ပွဲတွင် ပါဝင်သူ ၅ ဦးဖမ်းမိ ၁ ဦး ထွက်ပြေး တိမ်းရှောင်နေ


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက် ၅ လမ်းတွင် ယမန်နေ့မေ ၂၆ ရက် ည ၈ နာရီခွဲခန့်က အုပ်စုလိုက်ရိုက်နှုက်မှုတခု ဖြစ်ပွားခဲ့ရာ ပါဝင်သူ ၆ ဦးတွင် ၅ ဦးအား ဖမ်းဆီးရမိပြီး တစ်ဦးမှာ တိမ်းရှောင်နေကြောင်းသိရသည်။

ဖြစ်ပွားပုံမှာ အရိုက်ခံရသူ သက်ပိုင်မှူးမှာ သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ယခင်စကားများဖူးသူ သီဟ(ခ) သီဟထွန်း ပါ ၆ ဦးမှာ တုတ်ဖြင့်ရိုက်ပြီး ထွက်ပြေးစဉ် အုတ်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

အရိုက်ခံရသူ သက်ပိုင်မှူးမှာ ပန်ပန် ဆံပင်ညှပ်ဆိုင်သို့ဝင်ရောက်ပုန်းအောင်းစဉ်လို သီဟ(ခ)သီဟထွန်း ပါ ၆ ဦးတို့မှာလိုက်လံရိုက်နှက်ရာ ဆံပင်ညှပ်ဆိုင်ရှိ မှန်များ ဆိုင်းဘုတ်များကွဲခဲ့သည်။

သတင်းရရှိသည့်နှင့်တစ်ပြိုင်နက် မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့်အဖွဲ့နှင့် အမှတ်(၂၀၂)ပျံလွှားလှည့်ကင်း မော်တော်ယာဉ်တို့မှ အခင်းဖြစ်ရပ်သို့ သွားရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများ ဖြစ်သည့် မရမ်းကုန်းမြို့နယ်နေ သီဟ(ခ)သီဟထွန်း၊ အောင်ဖြိုးမင်း၊ ကျော်စွာအိမ့်၊ ဇေယျာဖြိုး၊ ကောင်းကောင်း(ခ)ကောင်းမွန်ရည်တို့(၅)ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ဂျိုကာ သည် ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း ဘုရင့်နောင်ရဲစခန်းမှသိရသည်။

အဆိုပါပြစ်မှုကျူးလွန်သူများကို အရေးယူပေးပါရန် ကိုသက်ပိုင်မှူး၏ တိုင်တန်းချက်အရ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်း (ပ)၃၅၂/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၂၅/၃၃၆/ ၄၅၂/၁၁၄
ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေသည်။

ဓာတ်ပုံ Yangon Police
Myanmar Citizen News Agency
မရမ်းကုန်းမြို့နယ် အုပ်စုလိုက် ရိုက်ပွဲတွင် ပါဝင်သူ ၅ ဦးဖမ်းမိ ၁ ဦး ထွက်ပြေး တိမ်းရှောင်နေ  မရမ်းကုန်းမြို့နယ် အုပ်စုလိုက် ရိုက်ပွဲတွင် ပါဝင်သူ ၅ ဦးဖမ်းမိ ၁ ဦး ထွက်ပြေး တိမ်းရှောင်နေ Reviewed by THITHTOOLWIN on 15:45 Rating: 5
Powered by Blogger.