တောင်ကြီးမြို့၌ လျှပ်စစ်မော်တာအပူလွန်ကဲရာမှ မီးလောင်


တောင်ကြီး မေ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး မြို့တွင် မေ ၂၆ ရက် ညနေ ၃ နာရီ ၁ဝ မိနစ်က ရတနာသီရိရပ်ကွက် နယ်မြေ (၂) ပုလဲသွယ်လမ်း အိမ်အမှတ် (ရ/၅၁၅)နေ ဦးကျော်ဝင်း(ခ)ချစ်စန်း ကို ၏ အုတ်တိုက်(နှစ်ထပ်)နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်ရာသို့ တောင်ကြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီး မှူးနှင့် မီးသတ်တပ်ဖွဲ့များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ မီးသတ်ယာဉ်ခြောက်စီး၊ အခြားရေသယ် ယာဉ် သုံးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲခန့်တွင် မီးငြိမ်း ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အိမ်ပိုင်ရှင်ခရီးသွားနေစဉ် အလုပ်သမားခေါင်းဆောင် ကိုကုလား ကြီး(ခ)စိုးလင်း(၃၃နှစ်) ခေါင်းအုံးမွေ့ရာ (ဂွမ်းကပ်)လုပ်ငန်းအား လျှပ်စစ်မော်တာ ဖြင့် ပြုလုပ်ရာမှ အပူရှိန်လွန်ကဲ၍ မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မီးအားပေါ့ဆစွာသုံးစွဲသူ အလုပ် သမား ခေါင်းဆောင် ကိုကုလားကြီး(ခ) စိုးလင်း အား နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တောင်ကြီးမြို့၌ လျှပ်စစ်မော်တာအပူလွန်ကဲရာမှ မီးလောင်  တောင်ကြီးမြို့၌ လျှပ်စစ်မော်တာအပူလွန်ကဲရာမှ မီးလောင် Reviewed by THITHTOOLWIN on 11:13 Rating: 5
Powered by Blogger.