ဘင်္ဂလာဒေ့ရှ် တက်ကနက် ဒုက္ခသည် စခန်းတွင် လုံခြုံရေး တပ်ဖွဲ့တိုက်ခံရ၊ စခန်းတာဝန်ခံ သေဆုံး၊ လက်နက် ၁၁ လက် လုယူခံရ


နိရဉ္စရာ၊ မေလ ၁၃

ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်မြို့နယ်တွင် ရှိသော တည်ရှိသော သူတို့ အခေါ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် လုံခြုံရေး ယူထားသော အန်ဆာ (ခေါ်) ဒေသ လုံခြုံရေး တပ်ဖွဲ့အတိုက်ခံရပြီး တိုက်ခိုက်မှု အတွင်း လုံခြုံရေး တပ်ဖွဲ့ ခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၁ လက်ကို လုယူသွားသည်ခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ် က လာသော သတင်းများတွင် ဖော်ပြသည်။

ယနေ့ သောကြာနေ့ နံနက် အစောပိုင်းက တက်ကနက်မြို့နယ် နီလာ အပိုင် Muchni ဧရိယာတွင် ဒုက္ခသည် စခန်း လုံခြုံရေး ချထားသော အန်ဆာ လုံခြုံရေး တပ်ဖွဲ့ကို ၀င်ရောက်စီးနှင်းရာတွင် တပ်မှူးဖြစ်သူမှာ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဒေသအတွင်းရှိ ရဲမှူး Md Kashem က ၎င်းစခန်းအား ယနေ့ သောကြာနေ့ နံနက် ၃ နာရီတွင် ဓါးပြအဖွဲ့တစ်ခုက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်စဉ် အန်ဆာ တပ်မှူး Ali Hossain (၅၅) နှစ်မှာ ဒဏ်ရာရရှိသွားသဖြင့် ဒုက္ခသည် စခန်းတွင်းရှိ ဆေးရုံသို့ ယူဆောင်ရာ သေဆုံးသွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူ ဒေါက်တာက အတည်ပြု ပြောကြားသည်ဟု BD news24 တွင် ဖော်ပြသည်။

ဝင်ရောက်တိုက်ခိုက်သူများသည် SMG အမျိုးစား သေနတ် နှစ်လက်၊ တရုတ်ရိုင်ဖယ် ၅ လက်၊ လက်နက်တို လေးလက်နှင့် ကျည်ဆံ ၆၇၀ တို့ကို ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ယခုအခါ ဒုက္ခသည် စခန်း အနောက်ဘက် တောင်ကုန်းတွင် ခိုအောင်းနေသည်ဟု ဘင်္ဂလာအာဏာပိုင်များက တွက်ဆထားပြီး တောနှင်းရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာဒေ့ရှ် တက်ကနက် ဒုက္ခသည် စခန်းတွင် လုံခြုံရေး တပ်ဖွဲ့တိုက်ခံရ၊ စခန်းတာဝန်ခံ သေဆုံး၊ လက်နက် ၁၁ လက် လုယူခံရ  ဘင်္ဂလာဒေ့ရှ် တက်ကနက် ဒုက္ခသည် စခန်းတွင် လုံခြုံရေး တပ်ဖွဲ့တိုက်ခံရ၊ စခန်းတာဝန်ခံ သေဆုံး၊ လက်နက် ၁၁ လက် လုယူခံရ Reviewed by THITHTOOLWIN on 09:51 Rating: 5
Powered by Blogger.